ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၄ အရအမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တာကြောင့် ရဲဝရမ်းနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

UDP ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ)ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့ညပိုင်းမှာရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ညပိုင်းမှာ ရန်ကုန်တိုင်းရဲမှူးအပါအဝင် လုံခြုံရေးအင်အား ခန့်မှန်း၅၀ ဝန်းကျင်ဟာ ကားအစီးရေ ၇ စီး ဝန်းကျင်လောက်နဲ့ ပန်းလိူင်အိမ်ယာကို လာရောက်ပြီး ဦးကျော်မြင့်ကို ခေါ်ဆောင်သွားတာဖြစ်တယ်လို ပန်းလှိုင်အိမ်ရာ နယ်မြေအပိုင် ညောင်ကျေးရွာအုပ်ချုပ်ရေးမှုးဦးသန်းဇော်က ပြောပါတယ်။



"ကျွန်တော့်ကိုမြို့နယ်ရဲမှူးကဖုန်းဆက်တယ်၊ ဆက်တော့ပန်းလှိုင်အိမ်ရာဝကိုသွားစောင့်ရတယ်၊ကျွန်တော်က နယ်မြအပိုင်အုပ်ချုပ်ရေးမှူးဖြစ်တော့ကျွန်တော်ပါမှရတယ်၊ဒါနဲ့ ကျွန်တော်တို့ ည၉ နာရီခွဲလောက်ကျတော့ ပန်းလိူင်ထဲဝင်သွားကြတယ်။ရန်ကုန်တိုင်းရဲမှူးရယ် မြို့နယ်ရဲမှူးရယ်ရဲမှူးအကုန်လုံးနဲ့ ကျွန်တော်ပါဝင်သွားတယ်။ ခေါ်တော့သူ့အိမ်ထဲကထွက်လာပြီးတော့ အဘဦးကျော်မြင့်ရှိပါတယ်။ တွေ့ပေးပါမယ်ဆိုပြီး နာရီဝက်လောက်နေတော့ ဦးကျော်မြင့်ထွက်လာပါတယ်။ သူက မင်းတို့အခုလာတာကိုလက်ခံတယ်။ ဒါပေမယ့်အဘကိုတော့ရှင်းပြခွင့်ပေးဆိုပြီးတော့သူပြောချင်တာရှင်းပြတယ်။ အဘကိုမေးစရာလေးရှိလို့ တာဝန်အရဆိုပြီးခေါ်သွားတယ်။ ကား ၆စီး ၇ စီး နဲ့လူ ၄၀၊ ၅၀ လောက်တော့ ရှိမယ်"လို့ ဦးသန်းဇော်ကပြောပါတယ်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ပါတီဟာ လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲဆန္ဒနယ် ဒုတိယအများဆုံး ဝင်ပြိုင်မယ့်ပါတီဖြစ်ပြီး NLD ပါတီ ပြီးရင် မဲဆန္ဒနယ်အများဆုံးဝင်ပြိုင်မယ့်ပါတီလည်းဖြစ်ပါတယ်။ ဦးကျော်မြင့်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ လှိုင်သာယာရဲစခန်းကို ဆက်သွယ်ရာမှာ "ပါတီဥက္ကဌ ကိုဖမ်းလိုက်တာကဟုတ်ပါတယ်။ အခုလောလောဆယ် လူကြီးတွေက လာစစ်နေလို့ နောက်မှထပ်ဆက်လိုက်ပါ"လို့ လှိုင်သာယာရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

UDPပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၄ အရအမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တာကြောင့် ရဲဝရမ်းနဲ့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော်သမ္မတ အိမ်တော် သတင်းထောက်တွေကို ဖြေကြားထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က