ရုပ်ရှင်ဇာတ်ကား အတူတူရိုက်ဖို့ရှိတယ်လို့ဆိုပါတယ်။

ဘုန်းသီရိကျော်ကတော့ ယွန်းယွန်း၊ မေတိုးခိုင်တို့နဲ့ အတူ ရုပ်ရှင်ကားကြီး ရိုက်ဖို့စီစဉ်ထားတဲ့ အကြောင်း ပြောလာပါတယ်။ 

Photo: Phone Thiri Kyaw



ဘုန်းသီရိကျော်ကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကတည်းက ရိုက်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက အခုချိန်ထိ မရိုက်ရသေးဘူးလို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာ ယွန်းယွန်း၊ မေတိုးခိုင် တို့နဲ့ အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သွားရမယ်လို့လည်း Duwun ကို ပြောပါတယ်။ 

“ ညီမရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးက ၂၀၂၀ နှစ်စပိုင်းကတည်းက ညီမကို ကမ်းလှမ်းထားတာပေါ့နော်။ ဒီဇာတ်ကားမှာ မ မေတိုးခိုင်ပါမယ်၊ ယွန်းယွန်းရယ်၊ ညီမရယ် ပါတယ်။ ဒါပေမယ့် ပြောရမယ် ဆိုရင် ညီမက ၂၀၂၀ ကို အများကြီး မှန်းထားတာ။ ဒီဇာတ်ကားမှာလည်း ကိုယ့်အတွက် နေရာ သေးသေးလေး မဟုတ်ပဲနဲ့ တက်သစ်စ မင်းသမီး(၃) ယောက် အတူတူ ရိုက်ရမယ့် ဇာတ်ကားဆိုတော့ ဒီ ကားထဲမှာ ငါ သေချာကြိုးစားမယ်၊ ၂၀၂၀ ကိုတော့ အရမ်းမျှော်လင့်ထားတာ ဒါပေမယ့် ထင်သလိုကြီး ဖြစ်မလာဘူးပေါ့နော်။ အခုကျတော့ ၂၀၂၀ က နှစ်တောင် ကုန်တော့မယ်”လို့ သူကဆိုပါတယ်။ 

Photo: PHONN

ရုပ်ရှင်အတူတူ ရိုက်ကြမယ့် မင်းသမီး(၃) ယောက်ထဲမှာ ယွန်းယွန်းက ပိုပြီးတော့ စီနီယာကျတယ်လို့ ဘုန်းသီရိကျော်က ဆိုပါတယ်။ ဒါကြောင့် သရုပ်ဆောင် အတတ်ပညာနဲ့ ပတ်သက်လာရင် ယွန်းယွန်းဆီက အတုယူနေတယ်လို့ပြောပြခဲ့ပါသေးတယ်။ 

“ ယွန်းယွန်းက အနုပညာနဲ့ ပတ်သက်ရင် သူက အတွေ့အကြုံရှိပြီးသားပါ။ ညီမတို့ လေ့ကျင့်ကြတုန်းကဆိုရင် စာကြောင်း တစ်ကြောင်းကို ကြည့်လိုက်တာနဲ့ ဘယ်လို ပုံစံပြောရမယ် ဆိုတာ သူက သိပြီးသား။ ဒါတွေကိုတော့ ညီမ အတုယူနေပါတယ်။ ညီမဆိုရင် ရုပ်ရှင်ကားကြီး ရိုက်ကွင်းတွေကို အခုမှ သိမှာ။ သူကကျတော့ ဒါရိုက်တာတွေ ဘာတွေနဲ့ စကားပြောပြီးတာနဲ့ ဘယ်လိုနေရာမှာ ဘယ်လို ရိုက်မယ် ဆိုတာကို သူက သိပြီးသားဖြစ်နေတယ်။ ဒါကလည်း အတွေ့အကြုံက စကားပြောသွားမယ် ထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: May Toe Khine

ဘုန်းသီရိကျော်ကို SAI Cosmetix ကြော်ငြာရိုက်ကူးရေးကနေတဆင့် အနုပညာလောကထဲ ဝင်ရောက်လာသူဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဇော်ပိုင်ရဲ့ " ပြည့်စုံလွန်း" ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ သူမအနေနဲ့ TV ကြော်ငြာများစွာလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဘက်ကိုလည်း ခြေလှမ်းစတင်‌‌နေ ပြီဖြစ်ပါတယ်။ ဘုန်းသီရိကျော်ကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ Jenny လို့လည်း ခေါ်ကြပါသေးတယ်။ အနုပညာ အလုပ်တွေကို အောင်မြင်ဖို့ ကြိုးစားနေပေမယ့် ပညာရေးမှာတော့ သူမက ဥပဒေနဲ့ ဘွဲ့ရရှိထားပြီးပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က