• Featured

    ကျန်းမာရေးဦးစီးဌာနသို့ အောက်စီဂျင်အသက်ရှူစက်(၁၅) လုံးလှူခဲ့တဲ့ နှင်းဆီအဖွဲ့သားများ

ပရိသတ်တွေကလည်း သာဓုခေါ်ခဲ့ကြပါတယ်။

နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း အဖွဲ့သားတွေကတော့ Quarantine Center (၃) နေရာအတွက် အောက်စီဂျင်အသက်ရှူစက် (၁၅)လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

image

နှင်းဆီအဖွဲ့သားတွေကတော့ Covid ကာလမှာ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေ့ ( အောက်တိုဘာလ ၁ ရက်) မှာတော့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနသို့ အောက်စီဂျင်အသက်ရှူစက် (၁၅) လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

" နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းမှ အောက်စီဂျင်အသက်ရှူစက် ၁၅လုံး လှူဒါန်း ။ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှတဆင့် အောက်စီဂျင်အသက်ရှူစက် ၁၅လုံးကို

အောင်မြင့်မိုရ်အိမ်ရာစခန်း Q Center သို့ ၅လုံး၊ YCC yangon Convention Center တွင်အသစ်ဖွင့်လှစ်ထားသော Q center သို့ ၅လုံး နဲ့ Fortune Plaza တွင်ရှိသော Q Center သို့ ၅ လုံး စုစုပေါင်းအောက်စီဂျင်အသက်ရှူစက် ၁၅ လုံးတို့ကို လှူဒါန်းခဲ့ပါတယ်" ဆိုပြီးတော့ သဲသဲဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကနေတဆင့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နှင့် သရုပ်ဆောင် အကယ်ဒမီနေတိုးတို့ကို Tag တွဲကာ တင်ခဲ့တာ ကိုတွေ့ရပါတယ်။ 

နှင်းဆီအဖွဲ့သားတွေထဲမှာတော့ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး တို့ ပါဝင်တာ တွေ့ရပါတယ်။ နှင်းဆီဖောင်ဒေးရှင်းတစ်ခုအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကထူထောင်ခဲ့တာဖြစ်ပြီး ညီညီညွှတ်ညွှတ်နဲ့ အလှူအတန်းတွေလည်း မကြာခဏ ဆောင်ရွက်လေ့ရှိပါတယ်။ နှင်းဆီအဖွဲ့သားတွေအနေနဲ့ တကယ်ကို အခက်အခဲ ကျရောက်နေတဲ့ ဒေသတွေမှာ ကျောင်းဆောက်၊ ဘုရားတည် စတဲ့ အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က