• Featured

    နေရှင်နယ်လိဂ်သမိုင်းမှာ အအောင်မြင်ဆုံးကစားသမားဖြစ်လာတဲ့ ဒေးဗစ်ထန်

အမှတ်ပေးဖလား ၆ ကြိမ်အထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

ရန်ကုန်ကနေ ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာလည်း ၂ကြိမ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ် ဆုဖလားကိုင်မြှောက်နိုင်ခဲ့လို့ ပိုမိုဂုဏ်ယူစရာလည်းဖြစ်လာခဲ့ရပါတယ်။

ရှမ်းယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဒေးဗစ်ထန်ဟာ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ဖလားကို အသင်းနဲ့အတူဆွတ်ခူးနိုင်ခဲ့ပြီးနောက် နေရှင်နယ်လိဂ်သမိုင်းမှာ အအောင်မြင်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်ကစားသမား ဒေးဗစ်ထန်ဟာ စုစုပေါင်း အမှတ်ပေးဖလား ၆ ကြိမ်အထိ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဟာ ရန်ကုန်နဲ့အတူ အမှတ်ပေးဖလား ၄ ကြိမ်၊ ရှမ်းယူနိုက်တက်နဲ့ ၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်ကနေ ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာလည်း ၂ကြိမ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ် ဆုဖလားကိုင်မြှောက်နိုင်ခဲ့လို့ ပိုမိုဂုဏ်ယူစရာလည်းဖြစ်လာခဲ့ရပါတယ်။

image

ညာအစွန်ခံစစ်ကစားသမားဖြစ်တဲ့ ဒေးဗစ်ထန်ဟာ တိုက်စစ်နဲ့ ခံစစ်ကို လိုက်ပါကစားနိုင်သူဖြစ်ကာ ကြံ့ခိုင်မှုအားကောင်းကောင်းနဲ့ မိနစ် ၉၀ အပြည့် ကစားပေးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ ဘောလုံးကို အာရုံစိုက်ကြိုးစားကစားတတ်သူလို့ ပရိသတ်တွေကြားထဲမှာ နာမည်ကောင်းရရှိထားပြီး သူ့ရဲ့ မမောနိုင်၊ မပမ်းနိုင်ကစားတတ်တဲ့ဟန်ကြောင့် အဆုတ်နှစ်ခုနဲ့ ကစားသမားလို့တောင် တင်စားခံခဲ့ရသူဖြစ်ပါတယ်။ 

Wikipedia မှာ ဖော်ပြထားချက်အရ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဒေးဗစ်ထန်ဟာ လူငယ်ကစားသမားတွေနည်းတူ ကစားနိုင်နေဆဲဖြစ်ကာ ရှမ်းယူနိုက်တက်ရဲ့ အောင်မြင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ပြိုင်ဘက်အသင်း ဂိုးဧရိယာတွေထဲကို တိကျတဲ့ ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ပြီး အသင်းဖော်တွေ ဂိုးရအောင် ဖန်တီးပေးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ 

ဒီနေ့ကစားခဲ့တဲ့ ရတနာပုံနဲ့ ရာသီနောက်ဆုံးပွဲကို အနိုင်ယူကာ ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးဖလားရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဒေးဗစ်ထန်က သူ့အနေနဲ့ ကစားနိုင်သရွေ့ အကောင်းဆုံးကစားသွားမယ်လို့ ပြောဆိုခဲ့ပြီး သူ့ကိုအားပေးနေတဲ့ ပရိသတ်တွေလည်း ကျေနပ်ပျော်ရွှင်နေလိမ့်မယ်လို့ မျှော်လင့်ကြောင်း Duwun Sports ကို ပြောသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က