• စမောလင်းကို ရောင်းလိုက်တဲ့ ယူနိုက်တက် ဝေဖန်ခံရ

ရိုးမားအသင်းထံ ပေါင် ၁၈သန်းနဲ့ ရောင်းလိုက်တာပါ။

စမောလင်းက လက်ရှိ ယူနိုက်တက်မှာ ကစားနေတဲ့ လင်ဒီလော့ဖ်နဲ့ဘိုင်လီတို့ထက် ပိုကောင်းတယ်လို့လည်း ပြောနေကြပါတယ်။

image

နောက်ခံလူ စမောလင်းကို ရိုးမားအသင်းထံ ရောင်းချလိုက်တာကြောင့် ယူနိုက်တက်အသင်းဟာ ဝေဖန်မှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အင်္ဂလန် နောက်ခံလူ စမောလင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ ရိုးမားအသင်းထံ ပေါင် ၁၈သန်းနှင့် ၄နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

မနှစ်ကတည်းက စမောလင်းကို အငှားနဲ့ သွားရောက် ကစားစေခဲ့တာ ဖြစ်ပြီး စမောလင်းအနေနဲ့ ရိုးမားအ သင်းနဲ့အတူ ယူရိုပါလိဂ် ကစားခွင့်ရရှိထားပါတယ်။

အခုလို ရောင်းချခံလိုက်ရတဲ့ အင်္ဂလန် နောက်ခံလူ စမောလင်းကိုတော့ Sky Sportsရဲ့ အားကစား ခန့်မှန်းသူ  ဖြစ်တဲ့ ဂျေမီရက်ခ်နပ်က လက်ရှိ ယူနိုက်တက်မှာကစားနေတဲ့ ဘိုင်လီ၊လင်ဒီလော့ဖ်တို့ထက် ပိုကောင်းတယ် လို့ ဂုဏ်တင်ပြောဆိုလာပါတယ်။

image

အလားတူပဲ ၎င်းရဲ့ အဖေဖြစ်သူ စပါးနည်းပြဟောင်း ဟယ်ရီရက်ခ်နပ်ကလည်း - “ ယူနိုက်တက်အနေနဲ့ မှားယွင်းတဲ့ ရောင်းချမှုကို ပြုလုပ်ခဲ့တာပါ။ယူနိုက်တက်မှာဆိုရင် မက်ဂွဲယားနဲ့ အတွဲညီညီ ဆော့နေရမှာပါ။ အခုတော့ သူ ရုတ်တရက်ထွက်သွားတော့ နောက်တန်းမှာ ဟင်းလင်းပြင်ကြီးကို ဖြစ်နေပြီပေါ့။ကျွန်တော်က တော့ သူ့ကို မရောင်းစေချင်ပါဘူး။”လို့ ထောက်ခံပါတယ်။

နည်းပြ ဆိုးလ်ရှားအနေနဲ့ကတော့ ယူနိုက်တက် နောက်တန်းကို မက်ဂွဲယားနှင့်အတူ လင်ဒိလော့ဖ်ကို တွဲဖက် ကစားစေလျက်ရှိနေတာပါ။

“ကျွန်တော့်အတွက်စိတ်ဝင်စားဖို့ အကောင်းဆုံးအရာက ရိုးမားအသင်းဆီ စမောလင်းကို ရောင်းလိုက်တာပါ ပဲ၊ကျွန်တော် ဘိုင်လီနဲ့လင်ဒီလော့ဖ်ကစားနေတာကြည့်ပြီး တွေးမိပါတယ်၊သြော်...စမောလင်းကတော့ အီတ လီမှာ အဆင်ပြေနေပြီ..ဒီမှာတော့။စမောလင်းက သူတို့နှစ်ယောက်ထက် ပိုကောင်းပါတယ်။”လို့ ဂျေမီ ရက်ခ် နပ်က ပြောပါတယ်။

စမောလင်းကတော့ ယူနိုက်တက်အတွက် ၁၀စုနှစ်တစ်စုကျော်ကြာ ပါဝင်ခဲ့ရာမှာ ပွဲပေါင်း ၃၂၃ပွဲ ကစားကာ ပရီးမီးယားလိဂ် စုဖလား ၂ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က