မေလသံစဉ်ကတော့ အွန်လိုင်းပေါ်ကနေ ဈေးရောင်းလို့ ရလာတဲ့ အနုပညာကြေး (၁၅) သိန်းကို Covid ကာလမှာ ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ We Love Yangon သို့ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
Photo: May La Than Zin
မေလသံစဉ်ကတော့ မြန်မာသံစဉ်တေးသီချင်းတွေ သီဆိုရင်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ မေလ ဟာ Covid ကာလမှာ အွန်လိုင်းပေါ်ကနေ ဈေးရောင်းပေးလို့ ရလာတဲ့ အနုပညာကြေးတွေကို အလှူအတန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: May La Than Zin
မေလသံစဉ်ဟာ Covid ကာလမှာ ရိုက်ခွင့်ရတဲ့ ကြော်ငြာလေးတွေ၊ အွန်လိုင်းကနေ ဈေးရောင်းပေးရတာတွေထဲက ရရှိလာတဲ့ အနုပညာကြေးတွေကို အလှူအတန်းတွေ အမြဲလုပ်လေ့ရှိသူ တစ်ယောက်ပါ။ နောက်ထပ် ဂီတလှုပ်ရှားမှုအနေနဲ့ “ ပြန်လည်ဆန်းသစ် နှောင်းတခေတ်” ဆိုတဲ့ အခွေလေးကို နောက်ဆုံး အနေနဲ့ ထွက်ရှိထားပါတယ်။ ဒီအခွေထဲမှာတော့ သူမက တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သီချင်းလေးတွေကို ခေတ်အနေအထားနဲ့ အဆင်ပြေအောင် ပြန်လည် ဆန်းသစ်ထားတာကိုလည်း တွေ့ရပါတယ်။
Photo: May La Than Zin
မေလသံစဉ်ကိုတော့ Melody World 2017 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အသံပါဝါအားကောင်းတဲ့ သီဆိုတတ်ပုံတွေက ပရိသတ်ကို သတိထားမိစေခဲ့ပါတယ်။ မြန်မာသံစဉ်တွေသာမက ခေတ်အကြိုက် Pop သီချင်းချိုချိုလေးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်သူပါ။ ကလေး သရုပ်ဆောင် အနေနဲ့လည်း Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။