• ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရဖွယ်ရှိနေတဲ့ ဗန်ဒိုက်

အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်နဲ့ ထိခိုက်မိခဲ့တာပါ။

အစောပိုင်းအခြေအနေများအရ ဗန်ဒိုက်ကို ၇ လ၊ ၈ လခန့် အနားယူရမယ်လို့ ခန့်မှန်းနေခဲ့ကြပြီး စစ်ဆေးမှုတွေအပြီးမှာတော့ ရာသီကုန်ထိတောင် အနားယူရဖွယ်ရှိလာတာဖြစ်ပါတယ်။


အဲဗာတန်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ဟာ ရာသီကုန်ထိအနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။ အဲဗာတန်ဂိုးသမားပစ်ဖို့်ဒ်ရဲ့ ဝင်ရောက်ပုံကြမ်းတမ်းမှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဗန်ဒိုက်ဟာ အဆိုပါဒဏ်ရာကို ရရှိခဲ့ပြီး ရာသီကုန်ထိအနားယူရနိုင်တဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

image

ဒီအတွက်ကြောင့် လူစားလဲခံခဲ့ရတဲ့ ဗန်ဒိုက်ဟာ ပွဲအပြီးမှာ ဆေးရုံကို ချက်ချင်းသွားရောက်ခဲ့တယ်လို့ သိရပြီး ဒဏ်ရာကို စစ်ဆေးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ ဗန်ဒိုက်က ကြောက်မက်ဖွယ်ရာဒဏ်ရာမျိုးရရှိခဲ့တယ်လို့ ပွဲအစီအစဉ်တင်ဆက်သူ Richard Keys ကတောင် ပြောဆိုခဲ့ပြီး ကစားသမားတွေထိတ်လန့်ရတဲ့ အရွတ်စုတ်ပြဲဒဏ်ရာမျိုးဖြစ်တယ်လို့ သူက ယူဆခဲ့ပါတယ်။

အစောပိုင်းအခြေအနေများအရ ဗန်ဒိုက်ကို ၇ လ၊ ၈ လခန့် အနားယူရမယ်လို့ ခန့်မှန်းနေခဲ့ကြပြီး စစ်ဆေးမှုတွေအပြီးမှာတော့ ရာသီကုန်ထိတောင် အနားယူရဖွယ်ရှိလာတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ယူဆရပါတယ်။ 

လီဗာပူးလ်အတွက် ဗန်ဒိုက်သာ ကစားပေးနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ ခံစစ်ပိုင်းအတွက် စိုးရိမ်စရာတွေဖြစ်လာမှာက သေချာပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးလ်က ၅ပွဲကစားအပြီးမှာ ပေးဂိုး ၁၃ ဂိုးအထိ ရှိနေပြီဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့ ပြောင်းပြန်နီးပါးကိုဖြစ်နေခဲ့ကာ လာမယ့်ပွဲတွေမှာ ပိုမိုပြီးတော့ ဆိုးရွားတဲ့ခံစစ်ပိုင်းကို မြင်တွေ့ရဖွယ် ရှိလာခဲ့ပါပြီ။ 

"တကယ်ကို ဆိုးရွားပါတယ်၊ ဗန်ဒိုက်က နာကျင်မှုတွေနဲ့ ကစားခဲ့ရပြီး ဒီပွဲကို သူ ဘယ်တုန်းကမှ မလွဲချော်ခဲ့ချင်ပါဘူး၊ ဘယ်လိုတွေဖြစ်ခဲ့လဲ ကျွန်တော်မသိပေမယ့် ကြည့်ရတာတော့ အခြေအနေကမကောင်းပါဘူး" လို့ ဂွတ်ဒီဆင်ပါ့ခ်က မပြန်ခင်မှာ လီဗာပူးလ်နည်းပြကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က