အဆိုတော် ဖိုးသောကြာက အတည်ပြုပြောပြခဲ့တာပါ။

ရန်ပိုင်စိုးကတော့ ဒီနေ့ ( အောက်တိုဘာလ ၂၁ ရက်) မှာ သူချစ်ရတဲ့ မိသားစု၊ ပရိသတ်တွေနဲ့ အနုပညာလောကကြီးကို ထာဝရနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ 

Photo: Yan Paing Soe

သရုပ်ဆောင် တစ်ဦးလည်းဖြစ်၊ အဆိုတော် တစ်ယောက်လည်း ဖြစ်၊ အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူ တစ်ဦးလည်းဖြစ်ခဲ့တဲ့ အနုပညာရှင် ရန်ပိုင်စိုး ကတော့ အောက်တိုဘာလ(၂၁) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူ ကွယ်လွန်သွားပြီဆိုတာကို အဆိုတော် ဖိုးသောကြာက Duwun ကို အတည်ပြု ပြောပြခဲ့ပါတယ်။ 

" ဦးရန်ပိုင်စိုး ကွယ်လွန်သွားတယ်ဆိုတာ သတင်းအမှန်ပါ။ တခြား အကြောင်းအရာတွေကတော့ အခုချိန်မှာ မိသားစုဝင်အရင်း မဟုတ်တဲ့ အတွက် ကျွန်တော် ဖြေဖို့ အခက်အခဲရှိပါတယ်" လို့ ဖြေဆိုခဲ့ပါတယ်။ 

Photo: Yan Paing Soe

အဲဒီနောက် သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း ဒီနေ့ အောက်တိုဘာလ(၂၁) ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က "ကျွန်တော်တို့ချစ်ရတဲ့ ဦးလေး ဦးရန်ပိုင်စိုး ၁၁:၁၁ မိနစ်မှာ ကျွန်တော်တို့ကို ခွဲခွာသွားပါပြီ။ ဦးလေး ကောင်းရာသုဂတိလားပါစေ" ဆိုပြီးတော့ လည်း ရေးသားထားပါသေးတယ်။ သူကွယ်လွန်သွားတဲ့ သတင်းကြောင့်လည်း အနုပညာလောကသားတွေ၊ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ သေဆုံးချိန်မှာတော့့ အသက်(၇၀) ရှိပြီလို့ သိရပါတယ်။

Photo: Yan Paing Soe

ရန်ပိုင်စိုးကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ အဲဒီနောက် ဂီတလှုပ်ရှားမှု အနေနဲ့ "ဘဝတိုက်ပွဲ" ဆိုတဲ့ တေးသီချင်းအခွေလည်း ထွက်ရှိထားပါသေးတယ်။ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တဲ့ အချိန်မှာ ရန်ပိုင်စိုးဟာ အစီအစဉ်တင်ဆက်သူ၊ မင်္ဂလာပွဲတွေမှာ ဘိတ်သိပ်ဆရာတစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။



Share

Loading Next Article...
က္က