• Featured

    အနီးပတ်ဝန်းကျင်က လူတွေနဲ့ ချိတ်ဆက်နိုင်မယ့် feature တစ်ခု Facebook စမ်းသပ်နေ

လောလောဆယ် ကနေဒါနိုင်ငံ ကယ်ဂါရီမြို့မှာ စမ်းသပ်နေပါတယ်

Facebook ကတော့ ကိုယ်နဲ့ အနီးအနားက လူတွေချည်းပဲ စုနိုင်မယ့် အသေးစားလူမှုကွန်ရက်ပုံစံတစ်ခုကို ကနေဒါမှာ စမ်းသပ်နေတယ်လို့ ဆိုပါတယ်။

ဆိုရှယ်မီဒီယာအတိုင်ပင်ခံ မတ်တ်နာဗာရာရဲ့ Twitter မှာ Facebook ရဲ့ feature သစ်အကြောင်း Screenshots နဲ့ ပြထားတာ ဖြစ်ပါတယ်။ ကနေဒါက ကယ်ဂါရီမြို့မှာ ဒီထုတ်ကုန်ကို စမ်းသပ်နေတာ ဖြစ်ပြီး ဒီ feature ကို Neighborhoods လို့ နာမည်ပေးထားပါတယ်။ သုံးစွဲသူတွေဟာ Facebook မှာ ကိုယ်နဲ့ friend မဖြစ်သေးသူတွေအတွက် Neighborhoods profile တစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

image

Photo: theverge

အနီးနားကလူတွေနဲ့ ဆက်သွယ်နိုင်မယ့် Nextdoor နဲ့ ဆင်တဲ့ Facebook ရဲ့ ဒီ feature သစ်မှာ Connect with neighbors ဆိုတဲ့ ကဏ္ဍတစ်ခု ပါရှိပြီး ဒီကနေ ကိုယ့်ရဲ့ တည်နေရာကို အတည်ပြုပြီး profile တစ်ခု ဖန်တီးရမှာပါ။ ဒီ Neighborhoods profile ကို ကိုယ့်အနီးအနားက လူတွေ မြင်နိုင်မှာ ဖြစ်ပြီး Facebook မှာ Friend မဖြစ်သူတွေနဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ကယ်ဂါရီမြို့က Facebook သုံးစွဲသူတွေဟာ Neighborhood တစ်ခုခုမှာ ဝင် Join လိုက်တာနဲ့ ကိုယ့်ရဲ့ post တွေ ၊ group နဲ့ marketplace items တွေကို ကိုယ့်ဒေသတွင်းက လူတွေဆီ ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ဟာ Neighborhoods ဆိုတဲ့ feature ကို ဖန်တီးနေတဲ့ အကြောင်းကို ပြီးခဲ့တဲ့ မေလကတည်းက ဂျိန်းမန်ချွန်ဝမ်က Twitter မှာ ပြောခဲ့ပါတယ်။

Facebook ကလည်း ဒီ feature အကြောင်းကို Bloomberg သတင်းကို အတည်ပြုထားပါတယ်။ " အရင့်ကာလတွေထက် အခုဆို ဒေသတွင်း လူ့အသိုင်းအဝိုင်းအကြားမှာ ပါဝင်ဖို့ လူတွေဟာ Facebook ကို သုံးလာပြီ ဖြစ်ပါတယ်။ ဒါကို ပိုပြီး လွယ်ကူအောင် ကူညီပေးဖို့ ကျွန်တော်တို့ဟာ ကိုယ့်အိမ်နားနီးချင်းတွေနဲ့ဆက်သွယ်နိုင်မယ့် သီးသန့်နေ့ရာအဖြစ် Neighborhoods ကို အကန့်အသတ်နဲ့ စမ်းသပ်မှု လုပ်ဆောင်ထားပါတယ်။" လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။


Neighborhoods feature ကို သုံးတဲ့သူတွေဟာ သူငယ်ချင်းတွေလည်း ဝင် Join ဖို့ ဖိတ်ခေါ်နိုင်သလို ဒီ feature ကနေ အချိန်မရွေး ထွက်နိုင်မယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ သုံးစွဲသူဦးရေ ၂.၇ ဘီလျံရှိတဲ့ Facebook အနေနဲ့ ကုမ္ပဏီရဲ့ Neighborhoods feature သစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိသွားမယ်ဆိုရင် Nextdoor ကို ကျော်တက်နိုင်ဖို့ ရှိပါတယ်။

၂၀၀၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ Nextdoor ဟာ ကိုယ်နဲ့ အနီးအနားက အိမ်နီးနားချင်းတွေကို ပစ်မှတ်ထားတဲ့ ဒေသတွင်းလူမှုကွန်ရက်ဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။အမေရိကန်လေးဦးမှာ တစ်ဦးနှုန်းဟာ Nextdoor ဝန်ဆောင်မှုသုံးနေပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် neighborhoods ပေါင်း ၂၆၈၀၀၀ ရှိတယ်လို့လည်း Nextdoor ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က