• Featured

    မက်ဆီနဲ့ရင်ဆိုင်ဖို့ ဒီနေ့မှာ ပထမအတားအဆီးကို ကျော်ဖြတ်ရတော့မယ့် ရော်နယ်ဒို

ဒီနေ့မှာ ဆေးစစ်မှာဖြစ်ပြီး Negative ဖြစ်နေဖို့ လိုအပ်ပါတယ်။

ဘာစီလိုနာနဲ့ ကစားရမယ့်ပွဲကို ရော်နယ်ဒို ပါဝင်ကစားနိုင်ဖို့အတွက် ဒီနေ့ရလဒ်က အရေးပါနေတာဖြစ်ပြီး တကယ်လို့သာ Positive ဖြစ်နေခဲ့မယ်ဆိုရင်တော့ ပါဝင်ခွင့်ရဖို့ ခဲယဉ်းသွားမှာဖြစ်ပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ဒီနေ့ပြုလုပ်မယ့် ဆေးစစ်မှုမှာ Negative ဖြစ်နေဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ကစားရမယ့်ပွဲကို ရော်နယ်ဒို ပါဝင်ကစားနိုင်ဖို့အတွက် ဒီနေ့ရလဒ်က အရေးပါနေတာဖြစ်ပြီး တကယ်လို့သာ Positive ဖြစ်နေခဲ့မယ်ဆိုရင်တော့ ပါဝင်ခွင့်ရဖို့ ခဲယဉ်းသွားမှာဖြစ်ပါတယ်။ 

image

လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ ကျန်းမာရေးသတင်းကို ဂျူဗင်တပ်စ်အသင်းကရော၊ ကာယကံရှင်ကပါ ထုတ်ပြန်ခြင်းမရှိသေးပါတာကို တွေ့ရပါတယ်။ စပိန်ဂျာနယ်လစ် Toni Juanmarti က သူ့ရဲ့တွစ်တာကနေ ဖော်ပြခဲ့ရာမှာတော့ "ရော်နယ်ဒိုက Negative ဖြစ်နေဖို့ လိုအပ်ပါတယ်၊ ဘာစီလိုနာနဲ့ ကစားရမယ့်ပွဲအတွက် ဒီနေ့မှာ ဆေးစစ်မှု ၁၉ ခုပြုလုပ်သွားမှာပါ"

ပေါ်တူဂီကြယ်ပွင့်နဲ့ ဂျူဗီတို့အနေနဲ့ ကစားသမားရဲ့ ရောဂါလက္ခဏာတစ်စုံတစ်ရာခံစားရခြင်းမရှိဘူးဆိုတဲ့ ဆေးမှတ်တမ်းကို တင်ပြရမှာဖြစ်ပြီး ဘာစီလိုနာနဲ့ ကစားရမယ့် ပွဲမတိုင်ခင် ၂၄ နာရီအလိုမှာ ထပ်မံစစ်ဆေးလို့ Negative ဖြစ်ခဲ့ပါက ဝင်ရောက်ကစားခွင့်ရရှိပါလိမ့်မယ်" လို့ ပါရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ဒီနေ့ပြုလုပ်မယ့် ဆေးစစ်မှုက ရော်နယ်ဒိုအတွက် အရေးပါနေတာဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဆွီဒင်နဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ရတာပါ။ ဒါပေမယ့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသဘဲ ကျန်းမာရေးတည်ငြိမ်ကောင်းမွန်နေခဲ့ကာ လက်ရှိမှာတော့ အီတလီမှာ နေအိမ်ကွာရန်တင်းဝင်နေတာဖြစ်ပါတယ်။ ဂျူဗီအတွက် စီးရီးအေနဲ့ ချန်ပီယံလိဂ်ပွဲတစ်ပွဲစီကို လွဲချော်ထားခဲ့ပြီးလည်းဖြစ်ပါတယ်။ 

ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂျူဗီနဲ့ ဘာစီလိုနာတို့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီးနောက်မှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့က ချန်ပီယံလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိ်မ်အဖြစ် အုပ်စုအဆင့်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကို ပရိသတ်တွေက စိတ်ဝင်စားနေပြီး ရော်နယ်ဒို ပါဝင်ကစားနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။ 

Share

Loading Next Article...
က္က