ခြေစွမ်းမပြနိုင်ချိန်မှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒီအဖြစ်အပျက်အတွက် အပြီးသတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးတာကြောင့် အခက်တွေ့နေရပြီး စိတ်အနှောင့်အယှက်ဖြစ်နေရမှုက သူ့ခြေစွမ်းကို ပိုမိုထိခိုက်စေခဲ့တယ်လို့ ယူဆရပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူးလူကာဂျိုဗစ်ဟာ မတ်လအတွင်းက ဆာဘီးယားကို ပြန်ခဲ့စဉ်မှာ ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းတွေကို ချိုးဖောက်ပြီး ပါတီပွဲတက်ခဲ့မှုကြောင့် ထောင်ဒဏ်ခြောက်လကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ လက်ရှိအချိန်ထိပြီးပြတ်သေးခြင်းမရှိသေးဘဲ အရေးယူခံရနိုင်ခြေရှိနေတာဖြစ်ပါတယ်။



စပိန်သတင်းဌာန El Partidazo de Cope က ဆာဘီးယားအာဏာပိုင်တွေဟာ လူကာဂျိုဗစ်ကို ကျန်းမာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ အရေးယူချင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ကစားသမားရဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားဖြစ်သူဟာ စပိန်ကနေ ဆာဘီးယားကို ပြန်လာခဲ့ပြီးနောက် နေအိမ်မှာသာနေထိုင်ခဲ့ပြီး လူမှုကွန်ရက်တွေပေါ်မှာ ထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေဟာ စပိန်ကဓာတ်ပုံတွေဖြစ်တယ်လို့ Marca ကို ပြောဆိုခဲ့ဖူးပါတယ်။ 

"လူကာက ဆေးစစ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး Negative ဖြစ်ခဲ့လို့ ဆာဘီးယားကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာပါ၊ အခုက သူက ရာဇဝတ်မှုကြီးကျူးလွန်ထားသလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်၊ ဆာဘီးယားသမ္မတ နဲ့ ဝန်ကြီးချုပ်တို့ရဲ့ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုအပေါ် တင်းကျပ်တဲ့ပြစ်ဒဏ်ချမှတ်ထားတာကို ကျွန်တော်အလုံးစုံသဘောတူပါတယ်၊ ဒါပေမယ့် သူ ပြစ်မှုကျူးလွန်မှသာ ပြစ်ဒဏ်ခံရမှာပါ"

"သူအမှားလုပ်ခဲ့လို့ ဒီလိုပြစ်ဒဏ်ချမှတ်ရင် ကျွန်တော်လက်ခံမှာပါ၊ ဒါပေမယ့် သူ ဘဲလ်ဂရိတ်ကို ရောက်ကတည်းက အိမ်မှာပဲနေနေခဲ့တာပါ" လို့ လူကာဂျိုဗစ်ရဲ့ ဖခင်က ဖွင့်ဟခဲ့ပါတယ်။ "ပြီးတော့ သူ့ရဲ့ ချစ်သူမိန်းကလေးက ကိုယ်ဝန်ဆောင်ထားရလို့ သူမမွေးနေ့အတွက် အပြင်ကို မသွားနိုင်ပါဘူး၊ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေက စပိန်မှာနေတုန်းက ပုံတွေပါ" လို့ သူကထပ်မံရှင်းပြခဲ့ပါတယ်။ 

လူကာဂျိုဗစ်ကတော့ ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ပုံမှန်ကစားခွင့်တောင် ဆုံးရှုံးနေသူဖြစ်ပါတယ်။ ဆာဘီးယားကို ပြန်ခဲ့ပြီးနောက် အခုလိုသတင်းတွေထွက်ခဲ့အပြီး အသင်းတာဝန်ရှိသူတွေက သူ့ကိုဒေါသထွက်ခဲ့ကြပါသေးတယ်။ လက်ရှိမှာလည်း ဒီအဖြစ်အပျက်အတွက် အပြီးသတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးတာကြောင့် အခက်တွေ့နေရပြီး စိတ်အနှောင့်အယှက်ဖြစ်နေရမှုက သူ့ခြေစွမ်းကို ပိုမိုထိခိုက်စေခဲ့တယ်လို့ ယူဆရပါတယ်။ 


Share

Loading Next Article...
က္က