• Featured

    လေးလုံးတွဲကင်မရာနဲ့ မြန်မာငွေ ၄ သိန်းအောက်တန် LG Q52

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့လာတဲ့ LG ရဲ့ တန်ဖိုးသင့်ဖုန်း

LG ရဲ့ အလတ်တန်းစားဖုန်းသစ် LG Q52 ကို တောင်ကိုရီးယားဈေးကွက်မှာ တရားဝင်ဖြန့်ချိလိုက်ပါတယ်။


LG Q52 ဟာ ပြီးခဲ့တဲ့စက်တင်ဘာလထဲက တောင်ကိုရီးယားနိုင်ငံ ပြင်ပမှာ မိတ်ဆက်သွားတဲ့ LG K52 ကိုပဲ နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ display အလယ်အပေါ်နားမှာ punch-hole ကင်မရာပေါက်စတိုင် ပါရှိပြီး အောက်ခြေဘောင်က နည်းနည်းပိုထူပါတယ်။ ကျောဘက်မှာ dual LED flash နှစ်ခုနဲ့အတူ လေးလုံးတွဲကင်မရာ module တစ်ခု ပါရှိပါတယ်။

image

Photo: GSMArena

မျက်နှာပြင်အရွယ်အစား ၆.၆ လက်မ LCD display ဟာ HD+ ရုပ်ထွက် ပါရှိပြီး ဖုန်းဘေးဘောင်မှာ လက်ဗွေခလုတ် ၊ Google Assistant Key နဲ့ အသံတိုး/လျှော့ခလုတ်များ တပ်ဆင်ထားပါတယ်။ ဒီဖုန်းဟာ လွတ်ကျတဲ့ဒဏ်ခံနိုင်ရည်ရှိစေဖို့နဲ့ အပူချိန် လွန်လွန်ကဲကဲပြောင်းလဲမှုမှာပါ အလုပ်လုပ်နိုင်မယ့် MIL-STD-810G စံနဲ့အညီ ထုတ်ထားတာ ဖြစ်ပါတယ်။

Punch-hole ထဲမှာ 13MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာတွေအနေနဲ့ 48MP main sensor ၊ 5MP ultrawide lens ၊ 2MP macro နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ ဒီဖုန်းဟာ MediaTek Helio P35 chipset နဲ့လာပြီး RAM 4GB / 64GB storage သုံးထားပါတယ်။ storage ထပ်မြှင့်နိုင်ဖို့ microSD card slot တစ်ခုလည်း ထည့်သွင်းထားပါတယ်။

USB-C port နဲ့ အားသွင်းနိုင်မှာ ဖြစ်ပြီး ဘက်ထရီပါဝါ 4000 mAh နဲ့ လာပါတယ်။ NFC နဲ့ Bluetooth 5.0 ကွန်ရက်ချိတ်ဆက်မှုတို့ ပါရှိပပြီး Silky White နဲ့ Silky Red ကာလာတွေနဲ့ ထွက်ထားပါတယ်။ LG Q52 ကို ကိုရီးယားဝမ် ၃ သိန်း ၃သောင်း (မြန်မာငွေ ၃ သိန်း ၇ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က