မနေ့က ဆေးစစ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကလည်း ဒီပွဲကို ပါဝင်ကစားဖို့ စိတ်အားထက်သန်နေခဲ့ပေမယ့် ဆေးစစ်ချက်အဖြေက မကောင်းမွန်ခဲ့လို့ ပါဝင်ခွင့်ဆုံးရှုံးခဲ့ကာ နူးကမ့်မှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကိုသာ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ မနေ့က စစ်ဆေးခဲ့တဲ့ ဗိုင်းရပ်စ်ဆေးစစ်မှုဟာ Positive ရလဒ်သာ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် ရော်နယ်ဒိုဟာ ဒီနေ့ကစားရမယ့် ဘာစီလိုနာနဲ့့ပွဲကို လွဲချော်ခဲ့ပြီဖြစ်ပြီး မက်ဆီနဲ့ အုပ်စုအဆင့်မှာ ပထမဆုံးအကြိမ် ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီလည်းဖြစ်ပါတယ်။



တူရင်မှာကစားရမယ့်ပွဲအတွက် ၂၄ နာရီမတိုင်ခင်မှာ ဗိုင်းရပ်စ်ကူးစက်ခြင်းမရှိဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ဒီလအစောပိုင်းမှာ ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုကလည်း ဒီပွဲကို ပါဝင်ကစားဖို့ စိတ်အားထက်သန်နေခဲ့ပေမယ့် ဆေးစစ်ချက်အဖြေက မကောင်းမွန်ခဲ့လို့ ပါဝင်ခွင့်ဆုံးရှုံးခဲ့ကာ နူးကမ့်မှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကိုသာ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။ 

ရော်နယ်ဒိုရဲ့ ဆေးစစ်ချက်အဖြေက positive သာဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီးနောက် ဒီပွဲအပေါ် စိတ်ဝင်စားမှုအရှိန်တွေလည်း အနည်းနဲ့ အများဆိုသလို လျော့ပါးသွားမှာ သေချာပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း ဒီပွဲကို ရော်နယ်ဒို ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ထားပြီး အမြန်ဆုံးသက်သာပျောက်ကင်းလိမ့်မယ်လို့ ပြောဆိုခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ 

ပေါ်တူဂီကြယ်ပွင့်ဟာ အောက်တိုဘာ ၁၃ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ တွေ့ရှိခဲ့ရပြီး ဒီနေ့နဲ့ဆိုရင် နှစ်ပတ်အထိရှိလာခဲ့တာပါ။ အခြားကူးစက်ခံရတဲ့ ကစားသမားအများစုဟာ တစ်ပတ်အကျော်မှာပဲ ပြန်လည်သက်သာလာခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ကြန့်ကြာနေတာဖြစ်ပြီး အခြားသောကစားသမားတွေထက် ကြံ့ခို်င်မှု၊ ကျန်းမာရေးပိုင်း ပိုမိုကောင်းမွန်တဲ့ သူ့အခြေအနေကြောင့် အံ့အားသင့်စရာကောင်းလာခဲ့ပါတယ်။ 

ဒီပွဲဟာ ရီးရဲလ်ကနေ ထွက်ခွာခဲ့ပြီးနောက် ရော်နယ်ဒို နဲ့ မက်ဆီတို့ ပထမဆုံးအကြိမ်ရင်ဆိုင်ရမယ့်ပွဲဖြစ်လို့ ကာယကံရှင်တွေရော၊ ပရိသတ်တွေပါ အားခဲထားကြပေမယ့် မျှော်လင့်သလိုဖြစ်မလာခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က