• Featured

    Apple ကို ကျော်ပြီး ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာတဲ့ Xiaomi

Samsung ကတော့ အင်အားအကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်ပါတယ်

နိုင်ငံတကာ အချက်အလက်ကော်ပိုရေးရှင်း IDC ရဲ့ အချက်အလက်တွေအရ တတိယသုံးလပတ်မှာ Xiaomi ဟာ Apple ကို ကျော်တက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

IDC ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုဟာ တတိယသုံးလပတ်ဖြစ်တဲ့ ဇူလိုင်မှ စက်တင်ဘာအတွင်း စုစုပေါင်း ၃၅၃သန်းအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အရင်နှစ်ကာလတူ စမတ်ဖုန်းတင်ပို့မှုထက် လျော့နည်းခဲ့ပေမယ့် စမတ်ဖုန်းကုမ္ပဏီတွေရဲ့ ဈေးကွက်ဝေစုဟာ အပြောင်းအလဲ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

image

Photo: Quartz


ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာမှာ Samsung ဟာ နေရာယူဆဲဖြစ်ပြီး ဒုတိယနေရာမှာ Huawei က ရပ်တည်ထားပါတယ်။ Xiaomi အတွက် ၂၀၂၀ တတိယသုံးလပတ်ဟာ မှတ်တမ်းစံချိန်သစ်အဖြစ် Apple ကို ကျော်ပြီး ကမ္ဘာ့တတိယအကြီးဆုံးစမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ 

တတိယသုံးလပတ်မှာ Xiaomi ဟာ စမတ်ဖုန်းတင်ပို့မှု ၄၆.၅ သန်းနဲ့ ဈေးကွက်ဝေစု ၁၃.၁% ရှိခဲ့တာ ဖြစ်ပါတယ်။ IDC အချက်အလက်တွေအရ နှစ်အလိုက် Xiaomi ရဲ့ ဈေးကွက်ဖွံ့ဖြိုးမှုဟာ ၄၂% ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Gizmochina သတင်းကတော့ ဒီလိုရောင်းအားမြင့်တက်လာရခြင်းဟာ အိန္ဒိယလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တန်ဖိုးနည်းနဲ့ အလတ်တန်းစားဖုန်းဝယ်လိုအား မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဈေးကွက်ဝေစုအရ စတုတ္ထအကြီးဆုံး ဖုန်းအမှတ်တံဆိပ်နေရာ ရောက်သွားတဲ့ Apple ဟာ ဈေးကွက်ဝေစု ၁၁.၈%နဲ့ ဖုန်းတင်ပို့မှု ၄၁.၆ သန်း ရှိခဲ့ပါတယ်။ iPhone 12 စီးရီးသစ် ထွက်လာပြီ ဖြစ်လို့ လက်ကျန် စတုတ္ထသုံးလပတ်မှာ စမတ်ဖုန်းရောင်းအား ထိုးတက်လာဖို့ ရှိပါတယ်။ Apple ရဲ့ နောက်မှာ ဖုန်းတင်ပို့မှု ၃၁.၃ သန်း ၊ ဈေးကွက်ဝေစု ၈.၉% နဲ့ Vivo က ရပ်တည်နေပါတယ်။ 

Photo: Android Authority

ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာမှ Samsung ဟာ ဈေးကွက်ဝေစု ၂၂.% ၊ စမတ်ဖုန်းတင်ပို့မှု ၈၀.၄ သန်းရှိခဲ့ပြီး နှစ်အလိုက်ဈေးကွက်တင်ပို့မှုဟာ ၂.၉% တက်လာတယ်လို့ ဆိုပါတယ်။ Huawei ရဲ့ စမတ်ဖုန်းတင်ပို့မှုဟာ ၅၁.၉ သန်း နဲ့ ဈေးကွက်ဝေစု ၁၄.၇% ရှိထားပြီး ထိပ်ဆုံးမှ Samsung နဲ့ ဈေးကွက်ဝေစု ကွာခြားမှု မြင့်နေခဲ့ပါတယ်။

Share

Loading Next Article...
က္က