ဘာစီလိုနာဟာ ကစားသမားအားလုံးကို လစာငွေ ၃၀% အထိ လျှော့ချဖို့အတွက် ကြိုးစားနေပြီး မကြာခင်မှာ အပြီးသတ်ညှိနှိုင်းရမှာဖြစ်ပါတယ်။
လစာငွေလျှော့ယူဖို့အတွက် ညှိနှိုင်းမှုလုပ်ရာမှာ မက်ဆီအနေနဲ့ သီးသန့်အခွင့်အရေးတွေကို ရရှိမှာမဟုတ်ဘူးလို့ ဘာစီလိုနာယာယီဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးထိိခိုက်မှုတွေရှိနေခဲ့တဲ့ ဘာစီလိုနာဟာ ကစားသမားအားလုံးကို လစာငွေ ၃၀% အထိ လျှော့ချဖို့အတွက် ကြိုးစားနေပြီး မကြာခင်မှာ အပြီးသတ်ညှိနှိုင်းရမှာဖြစ်ပါတယ်။

ဒီလိုညှိနှိုင်းမှုတွေပြုလုပ်ရာမှာ အသင်းရဲ့အဓိကကစားသမားလည်းဖြစ်၊ လစာအများဆုံးလည်းရရှိနေတဲ့ မက်ဆီကို အထူးအခွင့်အရေးတွေပေးသွားမှာမဟုတ်ဘူးလို့ Carles Tusquets က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ အသင်းဥက္ကဌဘာတိုမြူနဲ့ ဘုတ်အဖွဲ့တစ်ခုလုံးနုတ်ထွက်ခဲ့လို့ ရွေးကောက်ပွဲပြုလုပ်ရဦးမှာဖြစ်ပြီး တစ်ဖက်မှာလည်း ကွင်းတွင်းကွင်းပြင်ပြသနာတွေကို ဖြေရှင်းရဦးမှာဖြစ်တယ်လို့ Goal.com က ဆိုပါတယ်။
"သဘောတူညီမှုရရှိမယ်လို့ ကျွန်တော်တို့ထင်ပါတယ်၊ ကစားသမားတွေဘက်ကလည်း လိုလိုလားလားရှိမယ်လို့ ကျွန်တော်ယူဆပါတယ်၊ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ ကျွန်တော်တို့ ငွေကြေးရယူလိုခြင်းမရှိပါဘူး၊ ဒါပေမယ့်လည်း လစာညှိနှိုင်းမှုတော့လုပ်ရမှာပါ၊ ဖြစ်နိုင်ရင်တော့ အားလုံးကို လစာငွေအပြည့်အဝပေးချေချင်ပါတယ်၊ လက်ရှိမှာ လစာလျှော့ချတာက အကောင်းဆုံးဖြေရှင်းနည်းလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"
"မက်ဆီအတွက်လည်း သီးသန့်ညှိနှိုင်းတာမျိုးလုပ်မှာမဟုတ်ပါဘူး၊ ဒီလိုတူညီတဲ့ကိစ္စမျိုးမှာ မတူညီတဲ့နည်းလမ်းတွေနဲ့ ကျွန်တော်တို့ ဖြေရှင်းနိုင်ပေမယ့် တစ်ဦးချင်းစီအတွက် သီးသန့်လုပ်ပေးသွားဖို့မရှိပါဘူး၊ ဝန်ထမ်းအားလုံး၊ အလုပ်သမားအားလုံးအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိအောင် ကျွန်တော်တို့ ဖြေရှင်းသွားမှာပါ၊ ကွင်းဖွင့်ကစားတာမလုပ်နိုင်ခဲ့ရင် ယူရိုသန်း ၃၀၀ လောက်ဆုံးရှုံးမှာပါ၊ ပြန်ဖွင့်နိုင်ခဲ့ရင်တောင်မှ တစ်ရာသီလုံးမဖြစ်နိုင်ပါဘူး" လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာကတော့ ကလပ်အသင်းရဲ့ စုစုပေါင်းဘတ်ဂျက်ငွေမှာ လစာပေးချေမှုကပဲ ၇၀% အထိ ရှိနေတာဖြစ်ပါတယ်။ ကျန် ၃၀% ကတော့ အခြားသောအထွေထွေစရိတ်တွေဖြစ်ပြီး လစာငွေလျှော့ချနိုင်ခဲ့မယ်ဆိုရင်တော့ ဘဏ္ဍာရေးအခက်အခဲက အထိုက်အလျောက်ပြေလည်မှာဖြစ်ပြီး ကစားသမားတွေဘက်က သဘောတူညီဖို့ပဲ လိုအပ်နေတာဖြစ်ပါတယ်။