• Featured

    သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက်အမှားများ Facebook နဲ့ Twitter တို့ ကန့်သတ်

Facebook ကတော့ တရားဝင်ရွေးကောက်ပွဲရလဒ်ကို ပြန်ညွှန်းမှု လုပ်ပါတယ်

Facebook နဲ့ Twitter တို့ဟာ အမေရိကန်အထွေထွေရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်လို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေကို အရေးယူမှုလုပ်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲအရေအတွက် အပြည့်အဝရေတွက်ခြင်း မပြုရသေးခင် အနိုင်ရပြီလို့ ထရမ့်ရဲ့ မှားယွင်းစွာပြောကြားချက်အပေါ် Facebook နဲ့ Instagram တို့မှာ noti တပ်ပြီး မဲစာရင်းကောက်နေဆဲ ဖြစ်ကြောင်း ၊ အနိုင်ရသူနာမည်မထွက်လာသေးကြောင်း သတိပေးချက်ထည့်သွင်းပေးနေကြပါတယ်။

image


Photo: The Verge

Twitter မှာလည်း Facebook လိုမျိုး သတိပေးအညွှန်းမက်ဆေ့တစ်စောင် နဲ့ အသိပေးမှုလုပ်လာပါတယ်။ လက်ရှိမှာ ဂျော်ဂျီယာ ၊ ပင်ဆီဗေးနီးယား ၊ မစ်ရှီဂန် နဲ့ ဝစ္စကွန်ဆင်တို့မှာ မဲရေတွက်မှု လုပ်နေဆဲ ဖြစ်ပြီး စာတိုက်မဲတွေလည်း ရေတွက်ခြင်း မပြုရသေးပါဘူး။ ထရမ့်ကတော့ အနိုင်ရပြီလို့ စောစောစီးစီး ကြေညာခဲ့ပြီး ရေတွက်ခြင်းမပြုရသေးတဲ့ မဲတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေ လုပ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့တာပါ။

"အမေရိကန်တရားရုံးချုပ်ကို သွားမယ်။ မဲပေနေတာအားလုံး ရပ်စေချင်တယ်။ ဒီမနက် ၄ နာရီမှာ ဘယ်စာတိုက်မဲမှ ထပ်မရှာဘဲ စာရင်းထဲ ထည့်ပေးတာ လိုချင်ပါတယ်။"လို့ ထရမ့်က ဆိုပါတယ်။ စာတိုက်က ပေးပို့နေတဲ့ လက်ကျန်မဲတွေဟာ တစ်နည်းနည်းနဲ့ တရားမဝင်ဖြစ်နေကြတယ်လို့လည်း သမ္မတထရမ့်ဟာ အထောက်အထားမပါဘဲ စွပ်စွဲပြောဆိုထားပါတယ်။

အရေးပါတဲ့ ပြည်နယ်တွေ မဲရေတွက်မှုမှာ ဒီမိုကရက်တစ်တွေ မမှန်မကန်လုပ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် Twitter နဲ့ Facebook တို့ဟာ ကန့်သတ်ထားပြီး label post တွေနဲ့ အသိပေးထားတယ်လို့ The Verge သတင်းက ဆိုပါတယ်။ "ရွေးကောက်ပွဲအကြောင်း ဦးတည်မှုလွဲချော်နိုင်တဲ့ ပြောကြားချက်တွေလုပ်ခြင်းအတွက် @realDonaldTrump အကောင့်က Tweet တစ်ခုကို သတိပေးထားပါတယ်။"လို့ Twitter က ထုတ်ပြန်ပါတယ်။

Photo: arstechnica


ထရမ့်ဟာ "ပြီးခဲ့တဲ့ညက ကျွန်တော်က ဦးဆောင်နေတာပါ။ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အဓိကကျတဲ့ ပြည်နယ်တွေမှာ အခိုင်အမာတောင် ရောက်နေခဲ့တာပါ။ ဒါပေမဲ့ အံ့အားသင့်စရာ စာတိုက်မဲတွေ ရေချိန်ကစပြီး တစ်ခုခုပြီးတစ်ခု မှော်ဆန်ဆန် ပျောက်လာတယ်။ သိပ်ကို ထူးဆန်းပါတယ်" လို့ Tweet တင်ခဲ့တာပါ။ 

Twitter ရဲ့ ကန့်သတ်ချက်တွေအရ homepages နဲ့ feeds တွေအပေါ် တက်လာတဲ့ ဒီလို Tweet မျိုးကို ကြည့်ဖို့ လူမှုကွန်ရက်သုံးစွဲသူတွေဟာ သတိပေး box တစ်ခုကို click နှိပ်ရမှာ ဖြစ်ပြီး Tweet ကို Like တို့ Reply တို့တော့ ပေးလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Facebook ကတော့ သမ္မတထရမ့်ရဲ့ လွဲမှားတဲ့ ပြောဆိုမှုတွေကို ဆက်လက်ပျံ့နှံ့မှုမရှိအောင် ပိတ်ပင်ခြင်းမလုပ်ဘဲ Facebook ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းမှာ label တပ်ခြင်းနဲ့ Facebook ရဲ့ ရွေးကောက်ပွဲသတင်းအချက်အလက်စင်တာကို ပြန်ပြီး လမ်းညွှန်မှုပေးခြင်းပဲ လုပ်ထားပါတယ်။

Share

Loading Next Article...
က္က