• တရုတ်ကုမ္ပဏီတစ်ခု ကင်မရာ ၈ လုံးပါ ဖုန်းတစ်လုံး မူပိုင်ခွင့်တင်

တရုတ်မှာရော WIPO မှာပါ မူပိုင်ခွင့်တင်ထားတာပါ

ကင်မရာ သုံးလုံးတွဲ ၊ လေးလုံးတွဲတွေ ခေတ်စားနေချိန်မှာ တရုတ်ကုမ္ပဏီတစ်ခုကတော့ ကျောဘက်ကင်မရာ ၈ လုံးအထိ ပါမယ့်ဖုန်းတစ်လုံးကို ထုတ်ဖို့ ပြင်နေပါတယ်။


LetsGoDigital အစီရင်ခံစာအရ တရုတ်အမှတ်တံဆိပ် Lens Technology ဟာ ကမ္ဘာ့ဉာဏပိုင်ဆိုင်မှုဆိုင်ရာ အဖွဲ့အစည်း WIPO မှာ Octa Camera setup ပါ ဖုန်းတစ်လုံးအတွက် မူပိုင်ခွင့်တင်ထားပါတယ်။ Lens Technology ဟာ စမတ်ဖုန်းတွေ ထုတ်တဲ့ ကုမ္ပဏီတစ်ခု မဟုတ်ဘဲ Apple ၊ Samsung နဲ့ Huawei တို့လို တစ်ခြား OEMs အတွက် supplies ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

image

Photo: letsgodigital

ဒီကုမ္ပဏီကို ကမ္ဘာအချမ်းသာဆုံး အမျိုးသမီးဘီလျံနာတွေထဲက တစ်ဦးဖြစ်တဲ့ ဇောင်ကွမ်းဖိန်က ၂၀၀၃ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဒီနှစ် မေလကုန်ပိုင်းမှာ Lens Technology ဟာ တရုတ်ပြည်တွင်းမှာ ဒီဇိုင်းမှတ်ပုံတင်မှု လုပ်ထားပြီး အောက်တိုဘာလဆန်းပိုင်းမှာ ခွင့်ပြုချက်ရခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ Lens Technology ဟာ Apple Watch အတွက် display ထောက်ပံ့ပေးနေပါတယ်။ WIPO မှာ တင်ထားတဲ့ မူပိုင်ခွင့်အရ ဒီထုတ်ကုန်ရဲ့ ကျောဘက်ထောင့်တစ်ခုစီမှာ ကင်မရာ sensor နှစ်လုံးစီနဲ့ စုစုပေါင်းကင်မရာ ၈ လုံး ပါရှိပါတယ်။ ကင်မရာ sensor နှစ်ခုအကြားမှာ LED flash တစ်ခု ထည့်ပေးထားပါတယ်။


Photo: letsgodigital

နမူနာဖုန်းဒီဇိုင်းအရ ရှေ့ခြမ်း screen ဟာ ကိုယ်လုံးပြည့်ဒီဇိုင်းဖြစ်ပြီး မူပိုင်ခွင့်ပုံမှာ notch မထားတာ တွေ့ရပါတယ်။ Lens Technology ဟာ touch display အတွက် cover မှန်အပြင် ကင်မရာ modules တွေနဲ့ lens တွေ ထုတ်ပါတယ်။ သိပ်မကြာတဲ့ အနာဂါတ်မှာ ကင်မရာ ၈ လုံးတပ် ဖုန်းမျိုးကို မြင်ရဖို့ ရှိပါတယ်။

Lens Technology နဲ့ မိတ်ဖက်ပြုပြီး အလုပ်လုပ်နေတဲ့ တခြားဖုန်း OEM ကုမ္ပဏီတွေရဲ့ ထုတ်ကုန်မှာ ဒီနည်းပညာမျိုးကို သုံးလာဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က