• Featured

    Vertu ဝန်ထမ်းဟောင်းတွေ စုပြီး Luxury ဖုန်းသစ်တစ်မျိုး ထုတ်လုပ်မည်

မြန်မာငွေ သိန်း ၅၀ ကျော် ဈေးနဲ့ ထွက်လာမှာပါ

ထိပ်ထိပ်ကြဲချမ်းသာသူတွေပဲ ဝယ်နိုင်မယ့် တန်ဖိုးကြီး Vertu ဖုန်း ဈေးကွက်ထဲက ပျောက်ဆုံးသွားခဲ့ပေမယ့် ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတစ်စုကတော့ Vertu ကို brand သစ်နဲ့ အသက်သွင်းဖို့ လုပ်ဆောင်နေပါတယ်။

Vertu ဟာ ဖုန်းဈေးကွက်က ပျောက်သွားတာ အနည်းဆုံး နှစ်နှစ်လောက် ကြာပြီ ဖြစ်ပါတယ်။ Vertu ဟာ ပိုင်ရှင်လက်လွှဲခဏခဏ ရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဒေဝါလီခံခဲ့ပြီး ကုမ္ပဏီဝန်ထမ်း ၂၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တာပါ။ နည်းပညာမြင့် စမတ်ဖုန်းတွေအကြားမှာ Vertu ဟာ တန်ဖိုးကြီးရတနာတွေနဲ့ ကွပ်ထားတဲ့ အရည်အသွေးနိမ့် ဟန်းဆက်တွေ ထုတ်တာ ဖြစ်ပါတယ်။

image

Photo: GSMArena

Vertu ပျက်သွားပြီးနောက် ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတစ်စုဟာ Xor ဆိုတဲ့ နာမည်နဲ့ Vertu ဒီဇိုင်းမျိုး ဈေးကွက်တင်ဖို့ လုပ်နေပါတယ်။ Xor ကို Eggsor လို့ အသံထွက်ပါတယ်။ Xor ကို အရင် Vertu ရဲ့ ဒီဇိုင်းပိုင်းအကြီးအကဲ ဟတ်ချ်ဟတ်ချီဆန်က သူ့ရဲ့ Vertu လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲပြီး တည်ထောင်လိုက်တာပါ။

Xor အတွက် လိုအပ်တဲ့ ငွေကြေးတွေကိုလည်း အရင် Vertu ‌ဖောက်သည်ဟောင်းတွေက ရံပုံငွေစုပြီး ထောင်တာ ဖြစ်ပါတယ်။ Vertu အတိုင်း တန်ဖိုးကြီး ပရီမီယံဈေး ဖုန်းတွေ ထုတ်သွားမှာပါ။ Xor ရဲ့ ပထမဆုံးထုတ်ကုန်ဟာ Xor Titanium ဖြစ်ပြီး အင်္ဂလန်မှာ ပေါင် ၃၀၀၀ (မြန်မာငွေ ၅၁ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

နာမည်အတိုင်းပဲ ဒီဖုန်းဟာ တိုက်တေနီယံကိုယ်ထည်နဲ့ လာပြီး ကျောဘက်မှာ လယ်သာကာဗာအုပ်ထားပါတယ်။ Vertu ဖုန်းတွေစတိုင် T9 ကီးဘုတ်နဲ့ လာပြီး ဆော့ဖ်ဝဲလ်အနေနဲ့ custom တည်ဆောက်ထားတဲ့ Linux OS နဲ့ လာမယ်လို့ ဆိုပါတယ်။ Xor Titanium ဟာ ဖုန်းခေါ်တာ ၊ စာပို့တာပဲ လုပ်‌ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Photo: GSMArena


ခေတ်မီ feature တွေအနေနဲ့ ဖုန်းခေါ်ချိန် အသံဆူညံမှုကို တိုက်ရိုက် ဖယ်ရှားမှု နဲ့ ကြိုးမဲ့အားသွင်းစနစ်တို့ ပါရှိမှာပါ။ Xor ရဲ့ အဆိုအရ ဘက်ထရီအားသွင်းမှုအနေနဲ့ တစ်ခါအားသွင်းထားရင် ၅ ရက်အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ Xor Titanium ဟာ ဖုန်းခေါ်ခြင်းနဲ့ စာပို့ခြင်းမှာ Hardware အဆင့် နည်ပညာမြင့် AES256 encryption စနစ်လည်း ထည့်သွင်းထားပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာ feature တစ်ခုက ဖုန်းထဲက အချက်အလက်အားလုံးကိုလှမ်းဖျက်နိုင်မယ့် အဝေးထိန်း secret key တစ်ခုလည်း ပါရှိမှာပါ။ ဟတ်ချ်ဟတ်ချင်ဆန်ရဲ့ အဆိုအရ Xor Titanium ကို လာမယ့် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က