• Featured

    ဒါရိုက်တာ သားညီ ကိုယ်ပိုင် ထုတ်လုပ်ရေး တည်ထောင်

၂၀၂၁ ခုနှစ်မှာ အကောင်အထည် ဖော်သွားမှာပါ။

သားညီကတော့ ရှေ့ဆက်သွားမယ့် အနုပညာခြေလှမ်း အသစ်တွေကို ကိုယ်ပိုင် Production အသစ် ကနေတဆင့် အကောင်အထည် ဖော်သွားမယ်လို့ဆိုပါတယ်။ 

image

သားညီကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက် အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာဖြစ်ပြီး အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာ အိုင်ဒီယာအသစ်တွေနဲ့ ဖန်တီးသွားမယ့် အနုပညာတင်ဆက်မှုတွေကို ကိုယ်ပိုင် Production တည်ထောင်ရင်း ပရိသတ်ကို တင်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။ 

" ကျွန်တော်တို့တွေဟာ 2020 အကုန် 2021 ကစပြီး New Normal ဆိုတဲ့ ဘဝနေထိုင်မှု ပုံစံအသစ်မှာ နေထိုင်ရတော့မှာ ဖြစ်ပါတယ်။ နေ့ရက်တစ်ခု စတင်တိုင်းမှာ အရာရာဟာ အသစ်ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့လောကကြီးကို စိတ်ကူးအသစ်တွေနဲ့တင်ဆက်မှုပုံစံအသစ်တွေ ယူဆောင်လာပေးဖို့ ကျွန်တော်နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေတွေစုပြီး Production လေးတစ်ခု စတင်တည်ထောင်လိုက်ပါတယ်။ အဲ့ဒီ Production လေးရဲ့နာမည် ၊ ဘယ်လိုတင်ဆက်မှုတွေလုပ်မလဲ၊ ဘယ်သူတွေပါဝင်လာမလဲဆိုတာကို တဖြေးဖြေးချင်း စတင်မိတ်ဆက်ပေးသွားပါ့မယ်ခင်ဗျာ စောင့်ကြည့်ပေးကြပါဦး။ သားညီ" ဆိုပြီးတော့ နိုဝင်ဘာလ (၁၀) ရက်နေ့ ည (၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Thar Nyi

Production ရဲ့ နာမည်ကိုတော့ ဒီနေ့ ( နိုဝင်ဘာလ ၁၁ ရက်) ည (၁၁) နာရီ ၁၁ မိနစ်မှာ ကြေညာသွားမယ်လို့လည်း သူက ပြောပါတယ်။ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Photo: Thar Nyi

သားညီဟာ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး၊ အဆိုတော် ကျော်ဟိန်းရဲ့ တူ၊ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဒွေးရဲ့ ညီ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာမျိုးရိုး ရှိသူတစ်ယောက် ဆိုလည်း မမှားပါဘူး။ သူဟာ အနုပညာလောကထဲ မဝင်ခင်က ဂီတကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် စားသောက်ဆိုင်တွေမှာ သီချင်းတွေလည်း ဆိုခဲ့ဖူးတာဖြစ်ပြီး ဦးကျော်ဟိန်း နဲ့ ဒွေး တို့ရဲ့ လက်တွဲခေါ်မှုကြောင့်သာ သရုပ်ဆောင် လောကထဲကို ရောက်ရှိလာခဲ့တာလို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က