• Featured

    အိန္ဒိယရဲ့ ၆ လဆက် ရောင်းအားအကောင်းဆုံးနာရီအဖြစ် Realme Watch ရပ်တည်

အိန္ဒိယဈေးကွက်မှာ ရောင်းအားအကောင်းဆုံးနာရီတစ်လုံး ဖြစ်နေတယ်လို့ IDC က ဖော်ပြထားပါတယ်။

Realme ရဲ့ ပထမဆုံးနာရီတစ်လုံးဖြစ်တဲ့ Realme Watch ဟာ အိန္ဒိယဈေးကွက်မှာ ရောင်းအားအကောင်းဆုံးနာရီတစ်လုံး ဖြစ်နေတယ်လို့ IDC က ဖော်ပြထားပါတယ်။

IDC ရဲ့ အိန္ဒိယနိုင်ငံအတွင်း ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်ဆိုင်ရာ လစဉ်ရောင်းအားအစီရင်ခံစာများအရ Realme Watch ဟာ နံပါတ်တစ် ရောင်းအားအကောင်းဆုံးအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့တဲ့ IDC အစီရင်ခံစာအရ အိန္ဒိယရဲ့ ဝတ်ဆင်နိုင်တဲ့ ဈေးကွက်မှာ Realme ဟာ ဈေးကွက်ဝေစု ၂၂.၁% ရထားတယ်လို့ ဖော်ပြထားပါတယ်။

image


Photo: gsmarena

Realme Watch ဟာ အိန္ဒိယမှာ သုံးလပတ် နှစ်ခုဆက်တိုက် ဈေးကွက်တင်ပို့မှုအမြင့်ဆုံး ထုတ်ကုန်တွေ ဖြစ်တယ်လို့ IDC က ထုတ်ပြန်ထားပါတယ်။ ဈေးကွက်ဝေစုအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ် နဲ့ တတိယသုံးလပတ်တွေမှာ ဈေးကွက်ဝေစု ၂၁.၃% နဲ့ ၂၄.၁% စီ ရခဲ့တယ်လို့ ဆိုပါတယ်။

Realme Watch ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်ပြီး ပြီးခဲ့တဲ့မေလထဲမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မျက်နှာပြင် ၁.၄ လက်မ Color display နဲ့ လာပြီး သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုတိုင်းစနစ် SpO2 ၊ နှလုံးခုန်တိုင်းတာမှုနည်းပညာတို့လည်း ထည့်သွင်းထားပါတယ်။ Realme Watch ဟာ IP68 rating ရှိထားတဲ့ နာရီဖြစ်ပြီး ဘက်ထရီပါဝါ 160mAh နဲ့လာပါတယ်။

Photo: gsmarena

ဒီနာရီဟာ တစ်ခါအားသွင်းထားရင် တစ်ပတ်အထိ အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ Realme ဟာ မကြာသေးခင်ကလည်း Realme Watch S နာရီသစ်ကို မိတ်ဆက်ထားပါတယ်။Sports mode ၁၆ မျိုးပါရှိပြီး အိပ်စက်မှုခြေရာခံစနစ်များ ၊ သီချင်းနဲ့ ကင်မရာထိန်းချုပ်မှုစနစ်များ ထည့်သွင်းထားပါတယ်။

Realme Watch S ဟာ ရေအနက် ၁ မီတာခွဲအထိ ရေစိမ်ခံပြီး ဘက်ထရီပါဝါ 390mAh နဲ့ လာပါတယ်။ Realme Watch S ကို အနက် ၊ လိမ္မော် ၊ အပြာ နဲ့ အစိမ်း လေးရောင်နဲ့ ထွက်ထားပြီး ‌ဈေးနှုန်းကြေညာခြင်း မရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က