• 5000mAh ဘက်ထရီ ၊ dual cameras နဲ့ မြန်မာငွေ ၂ သိန်းအောက်တန် Vivo Y12s

Phantom Black နဲ့ Glacier Blue နှစ်ရောင်နဲ့ ထွက်ထားပါတယ်။

Vivo ရဲ့ mid-range ဖုန်းသစ်ဖြစ်တဲ့ Vivo Y12s ကို ဟောင်ကောင်နဲ့ ဗီယက်နမ်ဈေးကွက်တွေမှာ ဖြန့်ချိနေပြီ ဖြစ်ပါတယ်။

Vivo Y12s ဟာ 20:9 aspect ratio ကိုယ်ထည် ၊ အကြီးစားဘက်ထရီနဲ့ 13MP dual ကင်မရာတွေ သုံးထားတဲ့ ဖုန်းတစ်လုံးပါ။ မျက်နှာပြင်အရွယ်အစား ၆.၅၁ လက်မ IPS LCD display နဲ့ လာပြီး HD+ ရုပ်ထွက် ပါရှိပါတယ်။ 720p screen ဟာ waterdrop notch တစ်ခု ပါရှိပြီး notch ထဲမှာ 8MP ဆယ်လ်ဖီကင်မရာ ထည့်ထားပါတယ်။

image

Photo: Choose Your Mobile


ဖုန်းလုံခြုံရေးအနေနဲ့ Face Unlock စနစ်အပြင် ဘေးဘောင်လက်ဗွေဖတ်နည်းပညာလည်း သုံးထားပါတယ်။ ကျောဘက်မှာ ထောင်လိုက် စတုဂံကင်မရာကွက်နဲ့ လာပြီး 13MP main sensor နဲ့ 2MP secondary lens ပါရှိပါတယ်။ processor အနေနဲ့ Helio P35 SoC ပါရှိပြီး RAM 3GB/32GB storage ၊ microSD card slot တို့လည်း သုံးထားပါတယ်။

Vivo Y12s ဟာ 5000mAh အကြီးစားဘက်ထရီနဲ့ လာပြီး 10W charging ပဲ ပံ့ပိုးထားပါတယ်။ dual SIM support ပေးထားပြီး 3.5mm headphone jack တစ်ခုလည်း ပါရှိပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 10 OS အခြေခံထားတဲ့ FunTouchOS 11 နဲ့ လာပါတယ်။ အရောင်အနေနဲ့ Phantom Black နဲ့ Glacier Blue နှစ်ရောင်နဲ့ ထွက်ထားပါတယ်။

ဟောင်ကောင်ဈေးကွက်မှာ Vivo Y12s ကို ဟောင်ကောင်ဒေါ်လာ ၁၀၉၈ (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က