• ကွင်းလယ်ဒိုင်ဆုံးဖြတ်ချက်ကြောင့် ယူနိုက်တက်ကံကောင်းခဲ့တယ်လို့ ဆိုးလ်ရှားဝန်ခံ

ဒီရာသီပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိခဲ့တာပါ။

ဒီရာသီပထမဆုံးအိမ်ကွင်းနိုင်ပွဲအဖြစ် ဝက်ဘရွန်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဖာနန်ဒက်စ်က ပယ်နယ်တီကနေ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ထိဘောကနေရရှိိခဲ့တဲ့ ပယ်နယ်တီကို ကန်သွင်းရာမှာ ပထမတစ်ကြိမ်ကန်သွင်းမှုလွဲချော်ခဲ့ပေမယ့် ဖာနန်ဒက်စ်ကန်မသွင်းခင်မှာ ဝက်ဘရွန်းစ်ဂိုးသမားက ရှေ့ထွက်ခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ယူဆခဲ့ပါတယ်။

image

အဆိုပါကန်သွင်းချက်ကို ဝက်ဘရွန်းစ်ဂိုးသမား ဆမ်ဂျွန်စတုန်းက ကာကွယ်နိုင်ခဲ့ပေမယ့် ထပ်မံကန်သွင်းချက်ကိုတော့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။ ကွင်းလယ်ဒိုင် ဒေးဗစ်ကူတီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကလည်းရှိလာခဲ့ကာ ဆိုးလ်ရှားကတော့ သူတို့အသင်း ဒီရာသီအစောပိုင်းမှာ ဖြစ်ပျက်ခဲ့မှုနဲ့ နှိုင်းယှဉ်ကာ ပြောဆိုသွားခဲ့ပါတယ်။ 

image

"ဗီလာနဲ့ ဘရိုက်တန်ပွဲမှာ ပယ်နယ်တီရခဲ့တာကို ကျွန်တော်ကြည့်ဖြစ်ခဲ့တယ်၊ ဘောလုံးနဲ့ ကစားသမားတို့ သေချာပေါက်ထိတွေ့ခဲ့ပြီး ဒါ ပယ်နယ်တီပေးရမယ်ဆိုတာ ကျွန်တော့်ခေါင်းထဲပေါ်လာခဲ့ပါတယ်၊ ကျွန်တော်တို့ ကံကောင်းတာပေါ့၊ ဘရူနိုက နောက်တစ်ကြိမ်မှာလည်း သူပဲ ကန်သွင်းချင်ခဲ့ပါတယ်၊ ဒီရာသီအစောပိုင်းမှာ ဒီဂီယာလည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး သူလည်း လက်မလောက်လေး စည်းပြင်ထွက်ခဲ့တာပါ"

"ဂျွန်စတုန်းအတွက်တော့ ကံဆိုးတာပါပဲ၊ သူက တကယ်ကောင်းမွန်တဲ့ ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်" လို့ ဆိုးလ်ရှားက Sky Sports ကတဆင့် ပြောဆိုခဲ့ပါတယ်။ ဝက်ဘရွန်းစ်အသင်းနည်းပြဘီလစ်ကတော့ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီကျူးပြောဆိုခဲ့ပေမယ့် ပယ်နယ်တီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 


"ကျွန်တော် ဒီဆုံးဖြတ်ချက်အတွက် တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ဒုတိယပိုင်းတစ်ပိုင်းလုံး ကျွန်တော်တို့အသင်းက အသင်းသေးလေးလိုဖြစ်နေတယ်လို့ ခံစားခဲ့ရပြီး ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့ကို ဆန့်ကျင်နေခဲ့ပါတယ်၊ အခု ဒီအဖြစ်အပျက်ကို ကျွန်တော်အကြိမ်နည်းနည်းပြန်ကြည့်ခဲ့ပြီးပါပြီ၊ ဂယ်လ်လာဟာကိုကျူးလွန်မှုကလည်း သေချာပေါက်ပယ်နယ်တီပါ၊ ဘာလို့မပေးခဲ့လဲဆိုတာကို ကျွန်တော်နားမလည်ဘူး၊ ပွဲအပြီးမှာ ဒီရလဒ်နဲ့မထိုက်တန်ဘူးလို့ အားလုံးကို ကျွန်တော်ပြောခဲ့ပါတယ်" လို့ ဘီလီက ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က