flagship ဖုန်းသစ်တွေအတွက် အဆင့်မြှင့်ထားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Snapdragon 888 SoC သစ်ကို Qualcomm က ထုတ်ဖော်ပြသသွားပါတယ်။

Qualcomm ဟာ သူ့ရဲ့ high-end processor သစ်ကို နာမည်သစ်ပေးပြီး အပြောင်းအလဲသစ်တွေ လုပ်လာပါတယ်။ Qualcomm Snapdragon 888 SoC ကို သုံးလာမယ့် ဖုန်း brands တွေကလည်း အများကြီးပါပဲ။ Asus ၊ Black Shark ၊ Lenovo ၊ LG ၊ Meizu ၊ Motorola ၊ Nubia ၊ Realme ၊ OnePlus ၊ OPPO ၊ Sharp ၊ Sony ၊ Vivo ၊ Xiaomi နဲ့ ZTE တို့လည်း ဒီစာရင်းမှာ ပါရှိပါတယ်။



Photo: Engadget


Xiaomi အမှုဆောင်အရာရှိချုပ်လေဂျန်ကတော့ ကုမ္ပဏီရဲ့ အသစ်ထွက်လာမယ့် flagship ဖုန်း Xiaomi Mi 11 ဟာ Snapdragon 888 သုံးလာတဲ့ ပထမဆုံးဖုန်းတွေထဲက တစ်လုံးဖြစ်မယ်လို့ ပြောထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထွက် processor ဟာ တတိယမျိုးဆက် X60 5G modem နဲ့ ဆဌမမျိုးဆက် AI Engine ကို သုံးလာတာပါ။

Qualcomm processor သစ်ရဲ့ modem ဟာ တစ်ကမ္ဘာလုံးမှာသုံးနေတဲ့ sub-6 နဲ့ mmWave 5G ကွန်ရက်ပံ့ပိုးထားသလို Global Multi-SIM ၊ Dynamic Spectrum Sharing လှိုင်းနှုန်းစဉ်ခွဲယူမှုစနစ်များလည်း ပါဝင်မှာပါ။ အနီးအနား ကြိုးမဲ့ချိတ်ဆက်မှုအတွက် ဒီ processor သစ်ဟာ WiFi 6E နဲ့ Bluetooth 5.2 စနစ်တို့လည်း ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

Snapdragon 888 ဟာ Adreno GPU စွမ်းဆောင်ရည် သိသိသာသာမြှင့်ထားတဲ့ Qualcomm Elite Gaming ပလက်ဖောင်းရဲ့ တတိယမျိုးဆက်နဲ့ လာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ chipset သစ်ဟာ စမတ်ဖုန်းတွေကို ပရော်ဖက်ရှင်နယ်အဆင့်မီကင်မရာတွေအဖြစ် ပြောင်းပေးနိုင်မယ်လို့လည်း ဆိုပါတယ်။


Photo: Global News

ဓါတ်ပုံတွေကို ရိုက်ကူးရာမှာ တစ်စက္ကန့်ကို 2.7Gigapixels နဲ့ ဖမ်းယူနိုင်မှာ ဖြစ်လို့ နောက်ဆုံးထွက် Snapdragon processor ထက် ၃၅% ပိုပြီး မြန်ဆန်လာတာပါ။ Adreno GPU သစ်ဟာ 144fps gaming ကို ပစ်မှတ်ထားပြီး Play Store ကနေ update လုပ်လို့ရမယ့် GPU Driver တွေကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

Snapdragon 888 SoC နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို Qualcomm ရဲ့ နှစ်စဉ် Tech Summit ပွဲ ဒုတိယနေ့မှာ ထပ်မံကြေညာသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က