ကိုဗစ် စည်းကမ်းချက်တွေနဲ့ အညီပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။

ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်တွေမှာ စားထိုင်စားသောက်ခွင့်တွေကို ပိတ်ထားခဲ့ရာမှာ ဒီဇင်ဘာ(၄)ရက်နေ့ကစပြီး stay at home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေက စားသောက်ဆိုင်တွေကိုတော့ ကိုဗစ်စည်းကမ်းတွေနဲ့ အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း ကိုဗစ် ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်လည်ဖွင့်လှစ်ခွင့်ရတဲ့ထဲမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းက စားသောက်ဆိုင်တွေပါဝင်သလို တခြားတိုင်းနဲ့ပြည်နယ်က စားသောက်ဆိုင်ပေါင်း ( ၈၀၀၀)ကျော် ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့တာပါ။



“ ကိုဗစ်ကာလကလည်းကြာနေပြီ။ စားသောက်ဆိုင်တွေအနေနဲ့ကလည်း ပိတ်ထားရတာကြာသလို ဆက်လက်သာပိတ်ထားရရင်အဆင်မပြေမှုတွေပိုဆိုးလာနိုင်တယ်။ ဒါ့ကြောင့် ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ ပြန်ဖွင့်ခွင့်ပေးဖို့ ဗဟိုထိန်းချုပ်ရေးညှိနှိုင်းကော်မတီမှာဆုံးဖြတ်ခဲ့တယ်။ ဖွင့်လှစ်ခွင့်ရတဲ့ဆိုင်တွေကလည်း မဖြစ်မနေ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမှဖြစ်မှာပါ။တာဝန်ရှိသူတွေအနေနဲ့ကလည်း ရှောင်တခင်စစ်ဆေးတာတွေလည်းလုပ်မှာပါ”လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

ဒီဇင်ဘာလ (၄)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ ဆိုင်ပေါင်း (၈၀၀၀)ကျော်က ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီစစ်ဆေးပြီးသား (A)အဆင့်ရရှိတဲ့ဆိုင်တွေဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေပါဝင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ခြင်းရှိ ၊မရှိကို အထူးကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိရင်လည်း အရေးယူမှုတွေပါ လုပ်ဆောင်သွားမှာပါ။

(A)အဆင့် စားသောက်ဆိုင်တွေကို အရင်ဆုံးဖွင့်လှစ်ခွင့်ပြုခဲ့တာဖြစ်ပြီး နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေတဲ့ စားသောက်ဆိုင်တွေကိုလည်း ဆက်လက်စစ်ဆေးကာ ဖွင့်လှစ်ခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်က စားသောက်ဆိုင်တွေကိုလည် ကိုဗစ်စည်းကမ်းချက်တွေနဲ့ အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိစေရေးကိုလည်း စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနဲ့ တိုင်းအစိုးရနဲ့လည်း ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က