ဘန်ကော်အနောက်ဘက်မှာ တစ်စိတ်တစ်ပိုင်း ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ ရှားပါး ဝေလငါးအရိုးစုကို တွေ့ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှ သုတေသီတွေက တစ်စိတ်တစ်ပိုင်း ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ ရှားပါး ဝေလငါးအရိုးစုကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဘန်ကောက်မြို့ အနောက်ဘက်ရှိ ကုန်းမြေလုပ်ငန်းခွင်တစ်ခုမှာ Bryde's ဝေလငါး (Bryde's whale) အရိုးစုကို တွေ့ရှိခဲ့တာဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၅,၀၀၀ ဝန်းကျင်ရှိမယ်လို့ ယုံကြည်ရပါတယ်။ အရှည် ၄၁ ပေရှိတဲ့ ဝေလငါးအရိုးစုကို နိုဝင်ဘာလအစောပိုင်းမှာ ဆိုင်ကယ်စီးသူတစ်ဦးက စတင်တွေ့ရှိခဲ့ပါတယ်။



၎င်းက မြေကြီးထဲမှ ပေါ်ထွက်နေတဲ့ ဝေလငါးကျောရိုးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဥ်ကတည်းက အဆိုပါနေရာကို ရှင်းလင်းရေးလုပ်ဆောင်ထားခဲ့ပါတယ်။ "ဒီဝေလငါးအရိုးစုက အာရှမှာ တစ်ခုတည်းရှိတယ်လို့ ယူဆရပါတယ်၊ မပျက်မယွင်းနီးပါး အခြေအနေနဲ့ အခုလို ရှာဖွေတွေ့ရှိရတာက အလွန်ရှားပါတယ်" လို့ Department of Mineral Resources ရဲ့ Fossil Protection ဌာနခွဲမှ ဘူမိဗေဒပညာရှင် Pannipa Saetian က ပြောပါတယ်။

(Photo: Reuters)

ဝေလငါးအရိုးစု အစိတ်အပိုင်း ၃၆ ခုကို ရှာဖွေတွေ့ရှိထားကြောင်း သူမက ဆိုပါတယ်။ ယခုတွေ့ရှိထားတဲ့ ဝေလငါးအရိုးတွေကို သက်တမ်းအတိအကျ သိရှိနိုင်ရန် Radiocarbon dating နည်းလမ်းဖြင့် စစ်ဆေးသွားရန် လိုအပ်ကြောင်းလည်း Pannipa Saetian က ရှင်းပြပါတယ်။ ရှားပါး ဝေလငါးအရိုးစုကို အားလုံး အပြည့်အဝ တူးဖော်ထိန်းသိမ်းပြီးချိန်မှာ အများပြည်သူ ကြည်ရှုနိုင်ရန် ပြသသွားမယ်လို့ သိရပါတယ်။

(Photo: Reuters)

ယခုတွေ့ရှိရတဲ့ အရိုးစုက ယနေ့ခေတ် Bryde's ဝေလငါးတွေနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းအတွက် အချက်အလက်များ ပိုမိုရရှိလာမယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားပါတယ်။ Bryde's ဝေလငါးတွေဟာ ပိုမိုပူနွေးတဲ့ ရေပြင်ကို နှစ်သက်ကြတာကြောင့် အပူပိုင်းဝေလငါးလို့လည်း သိထားကြပြီး အိန္ဒိယနိုင်ငံရဲ့ ကမ်းရိုးတန်းအနီး ရေပြင်၊ ထိုင်းပင်လယ်ကွေ့ အပါအဝင် ပစိဖိတ်နဲ့ အတ္တလန်တစ် သမုဒ္ဒရာထဲမှာ တွေ့ရလေ့ရှိကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က