ကျန်းမာရေးထောက်ခံစာမပါရှိပါက ကွာရန်တင်းဝင်ရောင်ရမှာပါ။

မန္တလေးကနေ စဉ့်ကိုင်ကိုလာတဲ့သူတွေ အနေနဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာပါမှ အဝင်ခံမယ်လို့ သိရပါတယ်။

စဉ့်ကိုင်က ကိုဗစ်လူနာအများစုက မန္တလေးကနေပြန်လာတဲ့သူတွေဖြစ်တာကြောင့် ကူးစက်မှုထိန်းချုပ်နိုင်ရန်အတွက် အခုလိုသတ်မှတ်ခြင်းဖြစ်တယ်လို့ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးလှိုင်ဝင်း Duwun ကိုပြောပါတယ်။



“စဉ့်ကိုင်မြို့နယ်အတွင်းမှာလည်း ကူးစက်မှုများလို့ stay at home သတ်မှတ်ထားတဲ့ ကျေးရွာ (၅)ရွာရှိတယ်။ အဲဒီကကူးစက်မှုတွေက မန္တလေးကိုအလုပ်သွားလုပ်ပြီးပြန်လာတာတွေ၊ ဈေးသည်တွေဆိုတော့ ကူးစက်မှူအများက မန္တလေးကနေတစ်ဆင့်ကူးလားတာတွေကများတယ်။ အဲဒါကြောင့် မန္တလေးကနေ လာရင် ရောဂါကင်းရှင်းကြောင်းထောက်ခံချက်ပါမှ အဝင်ခံတော့မှာပါ။ ကူးစက်မှုကိုထိန်းချုပ်တဲ့သဘောပေါ့”လို့ ဦးလှိုင်ဝင်းက ပြောပါတယ်။

လက်ရှိမန္တလေးမှာလည်း ရောဂါပိုးကူးစက်မှုမြင့်တက်နေတာကြောင့် မန္တလေးခရိုင်အတွင်းက မြို့နယ် (၇)မြို့နယ်ကိုလည်း stay at home နှစ်ပတ်သတ်မှတ်ထားတာဖြစ်ပါတယ်။ မန္တလေးကနေ စဉ့်ကိုင်ကိုဝင်ရောက်လာတဲ့သူတွေကိုလည်း ရောဂါပိုးကင်းရှင်းကြောင်းထောက်ခံစာပါမှ အဝင်ခံမှာဖြစ်ပြီး ထောက်ခံချက်မပါပါက ကွာရန်တင်းဝင်ရောက်ရမှာပါ။ လက်ရှိအချိန်ထိ စဉ့်ကိုင်မြို့နယ်အတွင်းမှာ ကိုဗစ်ကူးစက် လူနာ (၁၀၀)နီးပါးရှိပြီး ဆေးကုသမှုခံယူနေတဲ့လူနာက (၆၀)ကျော် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က