ပါတီရဲ့ရေးသားမှုတွေက ရွေးကောက်ပွဲတာဝန်ရှိသူတွေအပေါ် ခြိမ်းခြောက်ရာရောက်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)က ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ ၊ တရားမဲ့ပြုကျင့်မှုများကို ဥပဒေနဲ့အညီမဆောင်ရွက်ဘဲ သဘောထားထုတ်ပြန်ချက်ရေးသားရာမှာ ရွေးကောက်ပွဲတာဝန်ရှိသူတွေကို ခြိမ်းခြောက်ရာရောက်တဲ့ အရေးအသားတွေပါဝင်တဲ့အပြင် ဥပဒေကိုလေးစားလိုက်နာမှုမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၇ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)က " ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်များ ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ နှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၉၉)(ဇ) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ (၁၀)(ဍ)ပါ ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်ထားသောတာဝန်များကို ထမ်းဆောင်ရန်ပျက်ကွက်ခြင်းဖြစ်ပါကြောင်း၊ပြဌာန်းချက်က ပြုလုပ်ရန်လိုအပ်သော ပြုလုပ်မှုကို တမင်ချန်လှပ်ခြင်းဖြစ်ပါသဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ (၁၃၀)(က) ကျူးလွန်ကြောင်း ၊ နှစ်ယောက်(သို့) နှစ်ယောက်ထက်ပိုသောသူများက ဥပဒေနှင့်မညီသော ပြုလုပ်မှုကို ပြုလုပ်ခြင်းဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ (၁၂၀)(က) ကို ကျူးလွန်ကြောင်း ၊ မည်သူမဆို လိမ်လည်အတုပြုထားသော စာတမ်းအမှတ်အသားဖြစ်ကြောင်းသိရှိလျက် ထိုစာတမ်းကိုအသုံးပြုခြင်း ဖြစ်ပါသဖြင့် ရာဇသတ်ကြီးပုဒ်မ(၄၇၁) နှင့် အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်များကို မဲပုံးထဲထည့်သွင်းခြင်းသည် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပုဒ်မ (၅၉)(ည) တို့ကို ကျူးလွန် ပါကြောင်း " လို့ နိုဝင်ဘာလ ၆ရက်နဲ့၉ရက် ထုတ်ပြန်ချက်တွေမှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။



ဒါကြောင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)က ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ ၊ တရားမဲ့ပြုကျင့်မှုများကို ဥပဒေနဲ့အညီဆောင်ရွက်ရန်ဖြစ်သော်လည်း သဘောထား ထုတ်ပြန်ချက်ကို ဒီလိုရေးသားခဲ့တဲ့အတွက် ရွေးကောက်ပွဲတာဝန်ရှိသူတွေကို ခြိမ်းခြောက်ရာရောက်တဲ့ အရေးအသားတွေပါဝင်တဲ့အပြင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအပေါ် နှောင့်ယှက်စော်ကားခြင်း ပြုလုပ်ရာရောက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP) ကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်ရှိမှာ အင်တာဗျူးဖြေဆိုမှုတွေကို ရပ်ဆိုင်းထားကြောင်းနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြန်လည်ပြောဆိုသွားမယ်လို့ ပါတီရုံးအဖွဲ့မှူးက Duwun ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က