တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က ကျေးရွာတစ်ခုမှာ မိသားစုဝင် ၃ ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရမှုကြောင့် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။



ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ လောက်မှာ ရေကြည်မြို့နယ်၊ဖန်းကပင်ကျေးရွာအုပ်စု၊ ဂရက်အနောက်ကျေးရွာရှိ နေအိမ် တစ်အိမ်က မိသားစုဝင် ၃ ဦးကို လုပ်သေနတ်ဖြင့် ဝင်ပစ်ခဲ့ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ 

''ဒီကနေ့ နံနက်အထိတော့ ပြစ်မှုကျူးလွန်သူ နောက်ကြောင်းရာဇဝင်ကိုမရသေးပါဘူး ကျူးလွန်သူကိုဖမ်းဆီးဖို့အတွက် နယ်မြေရဲစခန်း များနဲ့ချိတ်ဆက်ပြီးကွင်းဆင်းနေပါတယ် တစ်ဦးကတော့ အခင်းဖြစ်နေရာမှာသေဆုံးသွားတာဟုတ်ပါတယ် ဒီလောက်ပဲပြောလို့ရပါ ဦးမယ်'' လို့ ရေကြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဒူးအထက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဘက်လက်ပြင်အောက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဘက်ချိုင်းအောက်ဘက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာလက်ဖျံနှင့် ယာဘက်ရင်အုံဖောက်ဝင်ဒဏ်ရာများနဲ့ အခင်းဖြစ်‌နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ 

 ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့ကတော့ ဘောစေ့ထိမှန်ဒဏ်ရာတွေနဲ့ ဟင်္သာတပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

ဒါကြောင့် လက်ရှိမှာ ရေကြည်မြို့နယ်၊ ကုန်းပြင်နယ်မြေရဲစခန်းမှ (ပ)၂၂၁/၂၀၂၀၊ ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ- ၃၀၂/၃၂၆ (လူသတ်မှု/အပြင်းအထန်ထိခိုက်နာကျဉ်စေမှု)တို့

ဖြင့် အမှုဖွင့်ပြီး တရားခံကိုဖမ်းဆီးရမိဖို့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က