မြန်မာနိုင်ငံအနေနဲ့ CMLV ဥက္ကဋ္ဌတာဝန်ကို (၂)နှစ်တာ တာဝန် ထမ်းဆောင်သွားမယ်လို့လည်း သိရပါတယ်။

ကိုဗစ်-၁၉အလွန်ကာလမှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဒေသတွင်းစီးပွားရေးတွေ ပြန်လည်ထူထောင်တဲ့လုပ်ငန်းစဉ်အဖြစ် မြှင့်တင်သင့်တယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CMLV) ထိပ်သီးအစည်းအဝေးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။


နိုင်ငံတော်သမ္မတက ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ဖို့ ဆက်သွယ်ချိတ်ဆက်မှုတွေကို New Normal လိုအပ်ချက်တွေနဲ့ညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အလွန်အရေးကြီးတယ်လို့ အလေးထားပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာလည်း ဒစ်ဂျစ်တယ်စီးပွားရေးက ထိရောက်တဲ့အတွက် အားပေးသင့်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ရေရှည်ချောမွေ့စွာ စီးဆင်းနိုင်ဖို့ မဲခေါင်ဒေသ အတွင်း စီးပွားရေးစင်္ကြန်တွေက ပြတ်တောက်နေတဲ့ အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ချိတ်ဆက်ဆောင်ရွက်သင့်တယ်လို့လည်း အဆိုပါ အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။


ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ပူးပေါင်းဆောင်ရွက်မှု စတင်တည်ထောင်ခဲ့ချိန်ကစပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး၊ အာဆီယံပေါင်းစည်းရေးလုပ်ငန်းစဉ်တွေမှာ များစွာအထောက်အကူပြုခဲ့ကြောင်း၊ ကိုဗစ်-၁၉ကာလအပြီး လူမှုစီးပွားပြန်လည်တည်ဆောက်ဖို့ ပိုမို ကောင်းမွန်တဲ့ စီမံမှုတွေ၊ စည်းလုံးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပြန်လည်ထူထောင်ရေးလိုအပ်ချက်တို့အကြား မျှတစွာ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းနဲ့ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးနှင့်လူမှုအသိုက်အဝန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သီးခြား အခန်းတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲ ထား‌တဲ့ “CLMV လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂)”ကို ကြိုဆိုကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါသေးတယ်။


ဒီဇင်ဘာ (၉) ရက်က ကျင်းပခဲ့တဲ့ အဆိုပါအစည်းအဝေးမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က CLMV ဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံကနေ လွှဲပြောင်းရယူခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ကြုံတွေ့လာမည့်စိန်ခေါ်မှုတွေကို လက်တွဲဖြေရှင်းသွားနိုင်ဖို့နဲ့ ဒေသခွဲအတွင်းက ပြည်သူတွေအားလုံး ပိုမိုအကျိုးဖြစ်ထွန်းစေဖို့ အားသွန်းခွန်စိုက် ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ CMLV ဥက္ကဋ္ဌတာဝန်ကို (၂)နှစ်တာ တာဝန် ထမ်းဆောင်သွားမယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က