ကျန်းမာရေးဝန်ထမ်းတွေလည်း ကူးစက်ခံနေရပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကိုဗစ်ကူးစက်လူနာတွေများလာတာကြောင့် ကျန်းမာရေးဝန်ထမ်အင်အားမလုံလောက်တဲ့အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းအင်အားလုံလောက်မှုမရှိပေမယ့်လည်းကုသရေးအပိုင်းတွေမှာတော့ လစ်ဟာမှုမရှိအောင်ဆောင်ရွက်နေရတယ်လို့ တောင်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ရီက Duwunကိုပြောပါတယ်။



“ အဓိက ကိုဗစ်လူနာတွေတင်မကပဲ တခြားလူနာတွေကိုလည်းဆေးကုသမှုတွေဆောင်ရွက်ပေးနေရတာဆိုတော့ အခက်အခဲရှိပါတယ်။ ကိုဗစ်လူနာတွေအတွက် ကုသဖို့ သီးသန့်ကျန်းမာရေးဝန်ထမ်းတွေထားရှိရတယ်။ အဲထဲက ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ခံရတာတော့ ပိုပြီးအခက်အခဲဖြစ်တယ်”လို့ ဒေါက်တာ ချစ်ရီကပြောပါတယ်။

တောင်ကြီးက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ကူစက်မှုများနေတဲ့ မန္တလေးနဲ့ ရန်ကုန်တို့ကို သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တာတွေရှိပြီး လက်ရှိမှာတော့ မြို့နယ်အတွင်းမှာပါ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေရှိနေတာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ပိုင်းကူးစက်မှုတွေပိုများလာရင်တခြားတိုင်းနဲ့ပြည်နယ်က ကျန်းမာရေးဝန်ထမ်းအကူအညီတွေလိုလာနိုင်တယ်လို့သိရပါတယ်။

လက်ရှိတောင်ကြီးမြို့မှာတော့ ကျန်းမာရေးဝန်ထမ်း (၁၃၀)လောက်နဲ့ ကိုဗစ်လူနာတွေကော တခြားရောဂါဝေဒနာရှင်တွေကိုပါ ကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ ဒေသတွင်းကူးစက်မှုတွေများလာတာကြောင့်လည်း မြို့မဈေးအပါအဝင် ကျေးရွာတွေကဈေးတွေကိုလည်း ဒီဇင်ဘာ (၁၄)ရက်နေ့အထိ ယာယီပိတ်သိမ်းမှုတွေကို ပြည်နယ်အစိုးရက ပြုလုပ်ထားပါတယ်။

Share

Loading Next Article...
က္က