ကိုဗစ်ကူးစက်ခံရသူအားလုံးအတွက် စုစုပေါင်း ၅,၀၅၀, ၀၀၀ (ငါးသန်း ငါးသောင်း) ကူညီခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ရွေးကောက်ပွဲအတွက် ကော်မရှင်အဖွဲ့ခွဲများက ဥက္ကဌတွေအပါအဝင် အဖွဲ့ဝင်များ ၊ အတွင်းရေးမှူးများ၊ မဲရုံတာဝန်အသီးသီးထမ်းဆောင်ခဲ့သူများထဲက (၉၅)ဦး ကိုဗစ်ကူးစက်ခံခဲ့ရပြီး (၆)ဦးက ရောဂါပြင်းထန်ကာ ကွယ်လွန်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

ကိုဗစ်၁၉ရောဂါ ကူးစက်ခံရသူ (၉၅)ဦးမှာ ဥက္ကဌနဲ့အဖွဲ့ဝင် (၄၄)ဦး ၊ မဲရုံမှူးနဲ့အဖွဲ့ဝင် (၅၁)ဦး ပါဝင်ခဲ့တာဖြစ်ပြီး ကုသမှုခံယူခဲ့ကြပေမယ့် (၆)ဦးကတော့ ရောဂါပြင်းထန်စွာခံစားခဲ့ကြရပြီး ကွယ်လွန်ခဲ့ကြတဲ့အတွက် မိသားစုဝင်များနဲ့ထပ်တူ ဝမ်းနည်းကြေကွဲတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာလ (၉)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။



ဒါကြောင့် တိုင်းဒေသကြီး ၊ ခရိုင် ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဥက္ကဌ ၊ အဖွဲ့ဝင်များ နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးဝန်ထမ်းတွေက စုပေါင်းပြီး ဂုဏ်ပြုပံ့ပိုးကူညီမှု အနေနဲ့ ရောဂါကူးစက်ခံရသူ (၈၉)ဦးအတွက် တစ်ဦးလျှင် ငါးသောင်းကျပ် ၊ ကွယ်လွန်သူ (၆)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်ကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ကိုယ်တိုင် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က