• ၂၀၂၁ မှာ OPPO ၊ Vivo ၊ Xiaomi နဲ့ Google ထုတ် Foldable ဖုန်းများ မြင်တွေ့ရဖို့ရှိ

Foldable ဖုန်းတစ်ခေတ် ဖြစ်လာနိုင်ပါတယ်

လာမယ့်နှစ်ဟာ Foldable ဖုန်းတွေရဲ့ နှစ်တစ်နှစ် ဖြစ်လာဖို့ ရှိပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ စမတ်ဖုန်းကုမ္ပဏီအတော်များများဟာ Foldable ဖုန်းတွေ မိတ်ဆက်ဖို့ ပြင်နေတယ်လို့ DisplaySearch တည်ထောင်သူနဲ့ Analyst တစ်ဦးဖြစ်သူ ရော့စ်ယန်းဂ်က ဆိုပါတယ်။ ယန်းဂ်ရဲ့ အဆိုအရ OPPO ၊ Vivo ၊ Xiaomi နဲ့ Google တို့ဟာ Foldable ဖုန်းတွေ ဖြန့်ချိသွားမယ်လို့ ပြောထားပါတယ်။

image

Photo: DNS

Samsung ဟာ နောက်နှစ်ထဲမှာ အနည်းဆုံး Foldable ဖုန်းမော်ဒယ် သုံးခု ထုတ်လုပ်သွားဖို့ရှိပြီး OPPO ၊ Vivo နဲ့ Xiaomi တို့က စုစုပေါင်း မော်ဒယ် ၄ ခု ကြေညာသွားမယ်လို့ သူက ဆိုပါတယ်။ Google ကလည်း Foldable ဖုန်းတစ်မျိုး မိတ်ဆက်သွားဖို့ ရှိပါတယ်။ Samsung ကတော့ Galaxy Z Fold 3 ၊ Z Flip 2 နဲ့ Z Flip Lite တို့ ဖြန့်ချိသွားဖို့ ခန့်မှန်းထားပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ ၂၀၂၁ မှာ ဈေးကွက်ဝင်ခေါက်သိမ်းနိုင်စမတ်ဖုန်းတွေ ထုတ်ဖို့ စိုင်းပြင်နေပါတယ်။ အထူးသဖြင့် OPPO ၊ Vivo နဲ့ Xiaomi တို့ရဲ့ ပထမဆုံး Foldable ဖုန်းတွေကို နောက်နှစ်မှာ မြင်ရဖို့ အလားအလာများနေပါတယ်။ ဒီကုမ္ပဏီတွေဟာ နမူနာသရုပ်ပြ Foldable ဖုန်းမော်ဒယ်တွေကို မိတ်ဆက်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Photo: gizmochina

Google ကလည်း ပြီးခဲ့တဲ့တစ်နှစ်ကျော်ကတည်းက Foldable စမတ်ဖုန်း နမူနာမော်ဒယ်တစ်ခု ဖန်တီးနေကြောင်း အတည်ပြခဲ့ပါတယ်။ ဒီနှစ် ဩဂုတ်လထဲမှာ ပေါက်ကြားလာတဲ့ ကုမ္ပဏီတွင်း အထောက်အထားတစ်ခုအရ Google ရဲ့ Foldable ဖုန်း ကုဒ်နာမည်ဟာ passport ဖြစ်ကြောင်းနဲ့ နောက်နှစ် Pixel ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားဖို့ ရှိကြောင်း ဖော်ပြထားပါတယ်။

ဒီအတိုင်းဆိုရင်တော့ လာမယ့် ၂၀၂၁ ခုနှစ်ဟာ စမတ်ဖုန်းဒီဇိုင်းနဲ့ Trends တွေ စပြီး ပြောင်းလာတဲ့နှစ် ဖြစ်မယ်လို့ ခန့်မှန်းလို့ ရပါတယ်။ 

Share

က္က