ပြည်နယ်လေးခုရဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ပေးရန် ထရန့်ရဲ့ ထောက်ခံမှုပါဝင်တဲ့ ဥပဒေကြောင်းအရ အရေးဆိုတင်ပြလာမှု ဖြစ်ပါတယ်။

ပြည်နယ်လေးခုရဲ့ သမ္မတရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ပေးရန် သမ္မတဒေါ်နယ်ထရန့်ရဲ့ ထောက်ခံမှုပါဝင်တဲ့ ဥပဒေကြောင်းအရ မကြုံစဖူး အရေးဆိုတင်ပြလာမှုကို အမေရိကန်တရားရုံးချုပ်က ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်) က ပယ်ချလိုက်ကြောင်း သိရပါတယ်။

(ထရန်နဲ့ တရားရုံးချုပ် တရားသူကြီး Amy Coney Barrett) (Photo: AP)

ယခုသီတင်းပတ်အတွင်း တက္ကဆက်ပြည်နယ်က ဂျော်ဂျီယာ၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယားနဲ့ ဝစ်ကွန်ဆင် ပြည်နယ်တွေရဲ့ သမ္မတရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ပေးရန် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထား အရေးဆိုခဲ့ပါတယ်။ ထိုပြည်နယ် လေးခုလုံးမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။



တက္ကဆက်ပြည်နယ်ရဲ့ ဥပဒေကြောင်းအရ အရေးဆိုမှုကို သမ္မတထရန့်၊ ပြည်နယ် ၁၈ ခုရဲ့ ရှေ့နေချုပ်များနဲ့ ကွန်ဂရက်လွှတ်တော်မှ ရီပတ်ဘလစ်ကင်အမတ် ၁၀၆ ဦးတို့က ထောက်ခံပါဝင်ခဲ့ကြပါတယ်။ သို့သော် တရားရုံးချုပ်က ယမန်နေ့မှာ ထိုကိစ္စအတွက် စီရင်ဆုံးဖြတ်ခဲ့ရာ တက္ကဆက်ပြည်နယ်ရဲ့ ဦးတိုက်လျှောက်ထားမှုကို ပယ်ချလိုက်ပါတယ်။

(ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်) (Photo: AFP)

ထိုသို့ ပယ်ချလိုက်ခြင်းက နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ဝန်မခံသေးဘဲ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း အထောက်အထားမဲ့ စွပ်စွဲကာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တရားရုံးချုပ်မှာ ဖြေရှင်းမယ်လို့ ပြောဆိုထားခဲ့တဲ့ ထရန့်အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာပါတယ်။

တရားရုံးချုပ်က ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုအပေါ် ဥပဒေကြောင်းအရ ကန့်ကွက်အရေးဆိုမှုကိုလည်း ယခုသီတင်းပတ် အစောပိုင်းမှာ ပယ်ချခဲ့ပါတယ်။ သမ္မတထရန့်ကတော့ ယခုနှစ် ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း ထပ်တလဲလဲ အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။

(Photo: AP)

အမေရိကန်ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အမေရိကန်ရှေ့နေချုပ်တို့ကတော့ ရွေးကောက်ပွဲမှာ မဲလိမ်လည်မှု အထောက်အထားမတွေ့ရဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်အရှုံး နောက်ဆုံးအတည်ပြုမှုကို Electoral College က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ် အမေရိကန်သမ္မရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ပြည်နယ်တစ်ခုချင်းစီးရဲ့ Electoral College မဲ စုစုပေါင်း ၃၀၆ မဲဖြင့် အနိုင်ရရှိပြီး ထရန့်ကတော့ ၂၃၂ မဲ ရရှိခဲ့ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။

သမ္မတတာဝန်အလွှဲအပြောင်းကိစ္စကို တာဝန်ယူဆောင်ရွက်ရတဲ့ အမေရိကန်ပြည်ထောင်စုဌာနက လွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ အကြောင်းကြားထားခဲ့ကြောင်း သိရပါတယ်။ General Services Administration (GSA) အကြီးအကဲ အမ်မလီမာဖီက သမ္မတလွှဲပြောင်းရေးလုပ်ငန်းစဥ် တရားဝင် ဆောင်ရွက်နိုင်ပြီလို့ ဂျိုးဘိုင်ဒန်ထံသို့ စာရေးသားပေးပို့ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က