• Pre-Order နဲ့တင် ဒေါ်လာ သန်း ၄၈၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့ Cyberpunk 2077

Streaming ပလက်ဖောင်းတွေမှာလည်း လူကြည့်အများဆုံးဖြစ်နေပါတယ်

ဂိမ်းမိတ်ဆက်မှု မလုပ်ခင်မှာ Cyberpunk 2077 ဟာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ Cyberpunk 2077 ဂိမ်း မိတ်ဆက်မှုမလုပ်ခင်မှာ Pre-order နဲ့တင် တစ်ကမ္ဘာလုံးမှာ အချပ်ရေ ၈ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။ ဂိမ်းတစ်ခွေကို ဒေါ်လာ ၆၀ ဝန်းကျင်ဈေးနဲ့ ရောင်းချတာ ဖြစ်လို့ ဈေးကွက်ဝင်ရောက်မှု မလုပ်ခင်မှာကို ဒေါ်လာသန်း ၅၀၀ ဖိုးခန့် ရောင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

image

Photo: BBC

Business Insider သတင်းတစ်ပုဒ်အရလည်း ဒီဂိမ်းသစ်ကို ဝယ်လိုအားဟာ ဆက်လက်အားကောင်းနေတယ်လို့ ဆိုပါတယ်။ Cyberpunk 2077 ကို မိတ်ဆက်ဖြန့်ချိတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းမှာ ဒီဂိမ်းဟာ အရောင်းရဆုံး ဂိမ်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို နာမည်ကြီး Game Streaming Service တစ်ခုဖြစ်တဲ့ Twitch ပေါ်မှာလည်း လူကြည့်အများဆုံးဂိမ်းတစ်ခုအဖြစ် ရှိနေပါတယ်။ 

ဒီဂိမ်းသစ်ကို ကစားတဲ့ဦးရေဟာ Steam ပေါ်မှာ တစ်သန်းကျော်အထိ ရှိနေခဲ့ပြီး ကစားသူအများဆုံး ဂိမ်းတစ်ခုအဖြစ်လည်း ရပ်တည်နေပါတယ်။ တစ်ခြား Epic နဲ့ GOG တို့လို services တွေပေါ်က ကစားသူဦးရေကိုတော့ ထည့်တွက်ထားခြင်း မရှိပါဘူး။ Cyberpunk 2077ဂိမ်းကို Witcher စီးရီးဂိမ်းတွေနဲ့ နာမည်ကြီးတဲ့ ပိုလန်ဂိမ်းကုမ္ပဏီ CD Projekt RED ကဖန်တီးထားတာပါ။


ဒီဂိမ်းကို ၂၀၁၂ ခုနှစ်မှာ ပထမဆုံး ကြေညာခဲ့ပြီး အဲ့ကတည်းက ဂိမ်း Development လုပ်လာတာပါ။ ၈ နှစ်အကြာမှာ ထွက်ရှိလာတဲ့ ဒီဂိမ်းကို ကစားဖို့ စိတ်အားထက်သန်နေတဲ့ ပလေယာတွေလည်း သန်းပေါင်းများစွာ ရှိနေကြပါတယ်။တကယ်တော့ ဒီဂိမ်းဟာ ၁၉၈၈ ခုနှစ်က Board Game တစ်ခုအနေနဲ့ ပထမဆုံး အခြေတည်လာတဲ့ ဂိမ်းဖြစ်ပါတယ်။ 

ဒီဂိမ်းထဲမှာ နာမည်ကြီး ဟောလီးဝုဒ်မင်းသား ကီနူးရိဗ်စ်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။ နာမည်အတိုင်း ၂၀၇၇ ခုနှစ် သိပ္ပံစိတ်ကူးယဉ် ခေတ်လွန် cyberpunk စတိုင်ကမ္ဘာထဲမှာ ရောက်သွားမယ့် Role-Playing Game တစ်ခုဖြစ်ပါတယ်။ ဆက်ပြီး Cyberpunk 2077 ရဲ့ အောင်မြင်မှုတွေ ကြားသိရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က