ထိုင်းနိုင်ငံဘက်ခြမ်းက ခိုးကူးထားတဲ့ မော်တော်ယာဉ်တွေဖြစ်ပါတယ်။


မြဝတီမြို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းကနေ တရားမဝင်ခိုးကူးထားတဲ့ မော်တော်ယာဉ် ၆၈ စီးကို တပ်မတော်ရှေ့တန်းမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။



၅ ရပ်ကွက်မြတ်လင်းအေးမြိုင်လမ်းရှိခြံပိုင်ရှင်ဦးသန်းဝင်းရဲ့ ခြံအတွင်းမှာ Hijet အဖြူရောင် ၁၉ စီး၊အခြားအမျိုးအစားကား ၄ စီး၊မြတ်လင်းအေးမြိုင်လမ်းရှိဦးသောင်းတင်ခြံထဲက Hijet အဖြူရောင် ၉ စီးနှင့်အခြားအမျိုးအစားကား ၅စီး၊မင်းပြည့်စုံကုမ္ပဏီဝင်းအတွင်းရှိဂိုထောင်မှာ Blugar အမျိုးအစားမော်တော်ယာဉ် ၂ စီးနှင့်အခြားအမျိုးအစားကား ၂၉ စီး အားလုံးပေါင်း ၆၈စီးကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

"ခိုးကူးထားတဲ့ ကား ၆၈ စီးနဲ့ပတ်သက်ပြီး အဆင့်ဆင့်စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ဥပဒေနဲ့ အညီအရေးယူ

ဆောင်ရွက်နှိုင်ဖို့ ဆောင်ရွက်နေပါတယ်။လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။" လို့ မြဝတီမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က မြဝတီမြို့အမှတ်၅ ရပ်ကွက်ထဲက ခြံဝန်း ၃ခု ထဲမှာ အကောက်ခွန်မဲ့မော်တော်ယာဉ်တွေ တရားမဝင်ထားရှိကြောင်းသတင်းအရမြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒု၊ ရဲမှူးကြီးပြည့်စုံနှင့်ရဲတပ်ဖွဲ့ဝင်များ၊မြဝတီရှေ့တန်းမှူး၊အမှတ် ၃၁ဝ ခြေမြန်တပ်ရင်းမှတပ်ရင်းမှူးဦး

ဆောင်တဲ့ တပ်မတော်သားတွေ၊ သက်သေဆယ်အိမ်မှူးရာအိမ်မှူးတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။



Share

Loading Next Article...
က္က