• Featured

    " ကျောင်းပိတ်ရက်" Music Video လေးနဲ့ ဆုရရှိခဲ့တဲ့ မေလသံစဉ်

Shwe FM ကနေ ဆုချီးမြှင့်ခဲ့တာပါ။

မေလသံစဉ်ကတော့ " ကျောင်းပိတ်ရက်" ဆိုတဲ့ Music Video လေးနဲ့ Shwe FM က ချီးမြှင့်ခဲ့တဲ့ " Best Music Video" ဆုကို ရရှိခဲ့တာပါ။

image

ဆယ်ကျော်သက် လူငယ်အမျိုးသမီး တေးသံရှင်တစ်ဦးဖြစ်တဲ့ မေလသံစဉ်ကတော့ Shwe FM (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲကနေ ဆုချီးမြှင့်တဲ့ Best Music Video ဆု ကို ရရှိပိုင်ဆိုင်သွားပါပြီ။ ဒီဆုကိုတော့ " ကျောင်းပိတ်ရက်" ဆိုတဲ့ Music Video လေးနဲ့ ဆုရရှိခဲ့တာပါ။

" ပြန်လည် ဆန်းသစ် နှောင်းတစ်ခေတ် ဆိုတဲ့ အခွေလေး ထွက်ရှိနိုင်အောင်လို့ သီချင်းဟောင်းလေးတွေကို ပြန်လည်သီဆိုခွင့်ပြုခဲ့သူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ Music Video ထဲမှာ ကပေးကြတဲ့ ရှမ်းမလေးတွေကိုလည်းကျေးဇူးတင်ပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုရော ကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်လို့" သူက ဆိုပါတယ်။

Photo: May La Thazin

မေလသံစဉ်ဟာ Covid ကာလမှာ ရိုက်ခွင့်ရတဲ့ ကြော်ငြာလေးတွေ၊ အွန်လိုင်းကနေ ဈေးရောင်းပေးရတာတွေထဲက ရရှိလာတဲ့ အနုပညာကြေးတွေကို အလှူအတန်းတွေ အမြဲလုပ်လေ့ရှိသူ တစ်ယောက်ပါ။ နောက်ထပ် ဂီတလှုပ်ရှားမှုအနေနဲ့ “ ပြန်လည်ဆန်းသစ် နှောင်းတခေတ်” ဆိုတဲ့ အခွေလေးကို နောက်ဆုံး အနေနဲ့ ထွက်ရှိထားပါတယ်။ ဒီအခွေထဲမှာတော့ သူမက တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သီချင်းလေးတွေကို ခေတ်အနေအထားနဲ့ အဆင်ပြေအောင် ပြန်လည် ဆန်းသစ်ထားတာကိုလည်း တွေ့ရပါတယ်။ 

မေလသံစဉ်ကိုတော့ Melody World 2017 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အသံပါဝါအားကောင်းတဲ့ သီဆိုတတ်ပုံတွေက ပရိသတ်ကို သတိထားမိစေခဲ့ပါတယ်။ မြန်မာသံစဉ်တွေသာမက ခေတ်အကြိုက် Pop သီချင်းချိုချိုလေးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်သူပါ။ ကလေး သရုပ်ဆောင် အနေနဲ့လည်း Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က