Vivo ရဲ့ sub-brand တစ်ခုဖြစ်တဲ့ iQOO ကနေ တန်ဖိုးနည်း 5G ဖုန်းသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။
iQOO U3 ဟာ အမြင့်စား refresh rate display ၊ အကြီးစား ဘက်ထရီနဲ့ 48MP dual cameras စတဲ့ စိတ်ဝင်စားဖွယ် features တွေ ပါလာတဲ့ Budget 5G ဖုန်းပါ။ ဒီဇိုင်းပိုင်းကတော့ မြင်နေကျ ဖုန်းတွေနဲ့ သိပ်မကွာပေမယ့် price နဲ့ features က ဆွဲဆောင်အားကောင်းပါတယ်။ screen ဟာ LCD display အမျိုးအစားဖြစ်ပြီး waterdrop notch နဲ့ လာပါတယ်။
Photo: Gizmochina
screen size ၆.၅၈ လက်မ ရှိပြီး FHD+ resolution သုံးထားပါတယ်။ အားသာချက်တစ်ခုက Upper mid-ranger ဖုန်းတွေမှာ မြင်ရတဲ့ 90Hz refresh rate ပါလာခြင်းပဲ ဖြစ်ပါတယ်။ screen-to-body ratio ၉၀.၆၁ % ရှိပါတယ်။ ကျောဘက်မှာ dual cameras ပဲ သုံးထားပေမယ့် စတုဂ့ပုံစံကင်မရာအိမ်နဲ့ လာပါတယ်။
ရှေ့ဘက် 8MP selfie ကင်မရာ ဖြစ်ပြီး ကျောဘက်မှာ 48MP main sensor နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ ကင်မရာစနစ်အနေနဲ့ Night Scene Mode ၊ Panorama ၊ Time-Lapse ၊ EIS နဲ့ 4K Video recording နည်းပညာတို့ ပံ့ပိုးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဟာ 18W dual-engine အမြန်အားသွင်းနည်းပညာနဲ့ လာပါတယ်။
5G support ရတဲ့ Dimensity 800U processor ကိုမှonboard storage 128GB နဲ့ RAM ဗားရှင်း နှစ်မျိုးနဲ့ ထွက်ထားပါတယ်။ dual SIM Support ပေးထားပြီး 3.5mm headphone jack ၊ ဘေးဘောင် လက်ဗွေစနစ်နဲ့ Face Unlock နည်းပညာတို့ ပါရှိပါတယ်။ ဖုန်းအပူလွန်ကဲမှုကို ထိန်းညှိပေးဖို့ Liquid Cooling နည်းပညာလည်း သုံးပေးထားပါတယ်။
Photo: mysmartprice
iQOO U3 ဟာ Android 10OS အခြေခံ iQOO UI 1.5 နဲ့ လာပါတယ်။ အနက်နဲ့ အပြာတောက်ကာလာနှစ်ရောင်နဲ့လာပြီး အနိမ့်မော်ဒယ် RAM 6GB/128GB storage ဗားရှင်းကို ၁၄၉၈ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) နဲ့ RAM 8GB/128GB storage ကို ၁၆၉၈ ယွမ် (မြန်မာငွေ ၃ သိန်းခွဲ) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။