သိပ်မမျှော်လင့်ဖို့ လိုပါတယ်

HMD Global ရဲ့ တန်ဖိုးသင့် အလတ်တန်းစား Nokia ဖုန်းသစ်ကို ဥရောပဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Nokia 5.4 သစ်ဟာ punch-hole screen ၊ စက်ဝိုင်းပုံ Quad Cameras နဲ့ 4000 mAh ဘက်ထရီတွေ သုံးထားတဲ့ ဖုန်းတစ်လုံးပါ။720p display ဟာ ၆.၃၉ လက်မ အရွယ်အစားရှိပြီး bezel ဘောင်တွေက ခပ်ထူထူပါပဲ။ အောက်ဘက် ဘောင်မှာဆို NOKIA ဆိုတဲ့ စာတန်းလေးကိုလည်း အစဉ်အလာမပြတ် တွေ့ရမှာ ဖြစ်ပါတယ်။



Photo: androidauthority

punch-hole ထဲမှာ 16MP selfie ကင်မရာ သုံးထားပြီး ကျောဘက်ကင်မရာအိမ်အောက်မှာ Fingerprint sensor ထည့်သွင်းလာပါတယ်။ ကာလာအနေနဲ့ ခရမ်းတောက်ရောင် Dusk ဗားရှင်း ၊ နက်ပြာရောင် Polar Night ကာလာတွေနဲ့ ထွက်ထားပါတယ်။ ကျောဘက် စက်ဝိုင်းပုံကင်မရာအိမ်ထဲမှာ 48MP main sensor နဲ့ အတူ 5MP ultrawide sensor ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ထည့်သွင်းထားပါတယ်။

Nokia 5.4 ဟာ 4G ချိတ်ဆက်နိုင်တဲ့ Qualcomm Snapdragon 662 SoC သုံးထားပါတယ်။ RAM 4/6GB နဲ့ storage 64/128GB ဆိုပြီး ဗားရှင်းတွေ ထွက်ထားပါတယ်။ 4000mAh ဘက်ထရီဟာ USB-C port ကနေ 10W speed နဲ့ အားသွင်းနိုင်မှာပါ။ ဥရောပဈေးကွက်မှာ ၁၈၉ ယူရို (မြန်မာငွေ ၃ သိန်းကျော်ဈေးကနေ) စတင်ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က