ဘက်ဂျက်ဖုန်းတွေ ကြိုက်ရင် စဉ်းစားသင့်တဲ့ မော်ဒယ်ပါ

Xiaomi ရဲ့ တန်ဖိုးနည်း Redmi ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ Redmi 9 Power ကို အိန္ဒိယဈေးကွက်မှာ ဖြန့်ချိလိုက်ပါတယ်။

Redmi 9 Power ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက တရုတ်မှာ ကြေညာသွားတဲ့ Redmi Note 9 4G ကို Rebrand လုပ်လိုက်တဲ့ မော်ဒယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ တစ်ပုံစံတည်းဖြစ်ပြီး Redmi 9 Power မှာတော့ punch-hold display ဒီဇိုင်းနဲ့ လာပါတယ်။ Specs အရ Poco M3 နဲ့လည်း ဆင်ပါတယ်။



Photo: GSMArena

မျက်နှာပြင်အရွယ်အစား ၆.၅၃ လက်မ ဟာ FHD+ LCD display သုံးထားပါတယ်။ နာမည်အတိုင်း အကြီးစား 6000mAh ဘက်ထရီ နဲ့ လာပါတယ်။ တန်ဖိုးနည်းဖုန်းတစ်လုံးအတွက် အလတ်တန်းစား processor ဖြစ်တဲ့ Snapdragon 662 chipset သုံးထားပြီး စတီရီယိုစပီကာတွေ ပါရှိပါတယ်။ 

RAM 4GB နဲ့ 64GB/128GB storage ဗားရှင်းတွေနဲ့ ထွက်ထားပြီး storage ကို ထပ်မြှင့်နိုင်မှာပါ။ ရှေ့ punch-hole ထဲမှာ 8MP selfie ကင်မရာ သုံးထားပြီး ကျောဘက်စတုဂံကင်မရာအိမ်ထဲမှာ 48MP main sensor ၊ 8MP ultra-wide shooter ၊ 2MP macro lens နဲ့ 2MP depth sensor တို့ သုံးထားပါတယ်။ 

Photo: Android Authority

Redmi 9 Power မှာ 3.5mm headphone jack ၊ Bluetooth 5.0 ၊ 18W charging နဲ့ ဘေး‌ဘောင် side-mounted fingerprint scanner တို့ ပါရှိပါတယ်။ Android 10 အခြေခံ MIUI 12 စနစ် နဲ့ လာပါတယ်။ Mighty Black ၊ Blazing Blue ၊ Fiery Red နဲ့ Electric Green အရောင်တွေနဲ့ ထွက်ထားပါတယ်။

Redmi 9 Power (RAM 4GB/64GB storage) ဗားရှင်းကို ၁၀၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းကျော်) နဲ့ RAM 128GB storage ဗားရှင်းကို ၁၁၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၂ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က