သိလိုရာမေး ဝက်ဆိုက်မှာ အရွယ်ရောက်သူတိုင်း သိထားသင့်တဲ့ သိလိုရာမေး သန္ဓေတားနည်းကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ချစ်တင်းနှောရာမှာ သိသင့်တဲ့ ကျန်းမာရေး အချက်အလက်တွေ၊ မသိမဖြစ် အရေးကြီးတဲ့ ကျန်းမာရေး ဗဟုသုတတွေကို စုံစုံလင်လင် တစ်နေရာတည်းမှာ ဖော်ပြပေးထားပါတယ်။

၁- မလိုချင်ဘဲ ကလေးရရှိသွားတဲ့ ကိစ္စတွေကို ကာကွယ်စေနိုင်မယ့် နည်းလမ်းတွေသိချင်တာလား။

ရက်တွက်ပြီး အတူနေတယ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ ထိုးဆေးသောက်ဆေးတွေက ဘာတွေ ရှိသလဲ။ ကွန်ဒုံး ဆောင်ရမလား။ သားအိမ်ထဲထည့်ရတဲ့ IUD တွေရယ် လက်မောင်းတွင်းထည့်တဲ့နည်းလမ်းတွေကကော အကျိုးသက်ရောက်မှု တကယ်ရှိရဲ့လား စတာတွေကို ဆရာဝန်တစ်ယောက်အနားမှာ ထိုင်ရှင်းပြနေသလိုမျိုး နားလည်အောင် ရှင်းပြပေးမှာကတော့ သိလိုရာမေး ဝက်ဆိုက်ပဲဖြစ်ပါတယ်။ 

၂- ချစ်တင်းနှောခြင်းရဲ့ နောက်ကွယ်မှာ မသိမဖြစ်သိထားသင့်တဲ့ သားဆက်ခြားနည်းလမ်း

ချစ်တင်းနှောပြီဆိုတာနဲ့ ချစ်သူနှစ်ဦးကြိုတင်သိထားရမှာကတော့ သားဆက်ခြားနည်းလမ်းတွေပါပဲ။ သားဆက်ခြားနည်းလမ်းကိုသာ မသိထားဘူးဆိုရင် နောက်ဆက်တွဲပူပန်မှုတွေက ချစ်သူနှစ်ဦးကြားမှာ နှောင့်ယှက်နေပါလိမ့်မယ်။ ဒီတော့ ထိ‌ရောက်တဲ့ သားဆက်ခြားနည်းလမ်းက ဘာတွေဖြစ်မလဲ၊ အမျိုးသမီးတွေအနေနဲ့ သားဆက်ခြားဖို့ အတူနေချိန်မှာ ဘယ်လိုကာကွယ်ထားရမလဲ၊ အမျိုးသားတွေကရော သားဆက်ခြားဖို့ ချစ်တင်းနှောနေချိန်မှာ ဘာတွေရှောင်ရဆောင်ရမလဲဆိုတာကို သိလိုရာမေး ဝက်ဆိုက်ကနေတစ်ဆင့် အသေးစိတ်သိရှိနိုင်အောင် ကူညီပေးမှာပါ။ 

၃- ချစ်တင်းနှောတယ်ဆိုတာ တကယ်တော့ ထမင်းစား ရေသောက်သလို ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တစ်ခုပါပဲ။

ဒါပေမယ့် အရှက်အကြောက်ကြီးတတ်ကြတဲ့ မြန်မာလူမျိုးများ အတွက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိချင်စိတ်ရှိပေမယ့် ပွင့်ပွင့်လင်းလင်း တိုင်ပင်မေးမြန်းဖို့ရာ လက်တွန့်တတ်ကြပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် သိလိုရာမေး ဝက်ဆိုက်ဟာ အရွယ်ရောက်သူတိုင်း သိထားသင့်တဲ့ သိလိုရာ​မေး သ​န္ဓေတားနည်းကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ချစ်တင်းနှောရာမှာ သိသင့်တဲ့ ကျန်းမာရေး အချက်အလက်တွေ၊လူပျို အပျိုဖော်ဝင်ခါစ လူငယ်များ အတွက် မသိမဖြစ် အရေးကြီးတဲ့ ကျန်းမာရေး ဗဟုသုတတွေကို စုံစုံလင်လင် တစ်နေရာတည်းမှာ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် သိလိုတာကို မေးမြန်းနိုင်ဖို့ သိလိုရာမေး ဝက်ဆိုက်မှာ "ဒေါက်တာဒိအားမေးရန်" ဆိုတဲ့ အစီအစဉ် အသစ်လေးကိုလည်း ထည့်သွင်းပြုလုပ်ပေးထားပါတယ်။ ဒေါက်တာဒိကို Thiloyarmay Facebook Page မှာ ကိုယ်တိုင် တိုက်ရိုက် Messenger က တဆင့် မတ်ဆေ့ချ် ပို့ပြီး မေးမြန်းလို့ ရသလို ဝက်ဆိုက်ကနေလည်း အမည်မဖော်လိုသူ တစ်ဦး အဖြစ် သိလိုတဲ့ အကြောင်းအရာကို အီးမေးလ်ပေးပို့မေးမြန်းနိုင်ပါတယ်။ ကိုယ့်နာမည်ကို မဖော်ပြဘဲ မေးမြန်းလို့ရအောင် စီစဉ်ပေးထားတော့ အရှက်အကြောက်ကြီးသူ မြန်မာလူမျိုးများ အတွက် မိမိ သိလိုသမျှ လိင်မှုရေးရာ ကျန်းမာ​ရေးကိစ္စ အဝဝကို ပွင့်ပွင့်လင်းလင်း မေးမြန်း တိုင်ပင်စရာ အကြံယူနိုင်ပြီပေါ့။ ဒါ့အပြင် Thiloyarmay Viber Group မှာလည်း အချိန်နဲ့ တပြေးညီ စိတ်ကြိုက်မေးမြန်းဆွေးနွေးနိုင်ပါပြီ။

ဝက်ဘ်ဆိုက်လင့်ခ်ကတော့  https://www.thiloyarmay.org/ ဖြစ်ပြီး  Thiloyarmay QR Code မှာလည်း သိလိုရာမေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကို စုံစမ်းဖတ်ရှုနိုင်ပါတယ်။

Viber Group ကို Join လိုသူများအတွက်ကတော့ အောက်က လင့်ခ်ကို နှိပ်ပြီး ပါဝင်မေးမြန်းနိုင်ပါတယ်။

https://invite.viber.com/?g2=AQAeCSl5c%2BjDTEjbmjlX6YZ5qjme1Ej7cHJ9ryIu9YSxYDkG5yxOmTRPzV5VE0aR

#myanmar #rights #srhr #familyplanning #reproductivehealth #sexualhealth #socialmarketing #health #thiloyarmay #dkt #dktmyanmar #dktinternational #dktinternationalmyanmar #contraceptives #sexualandreproductivehealth #sexualandreproductivehealthandrights #သိလိုရာမေး

Share

Loading Next Article...
က္က