OLED panel ပေါင်း ၁၀ သန်းခန့် ထုတ်လုပ်သွားမှာပါ

iPhone 12 မော်ဒယ်တွေအတွက် တတိယမြောက် OLED screen supplier ဖြစ်တဲ့ BOE Technology ဟာ display ထုတ်လုပ်မှုစတင်နေပြီလို့ ဆိုပါတယ်။

Apple ဟာ ဒီနှစ်ထဲမှာ ထုတ်ခဲ့တဲ့ iPhone 12 series မော်ဒယ် ၃ မျိုးစလုံးမှာ OLED panel သုံးလာခဲ့ပါတယ်။ OLED panel အတွက် Samsung နဲ့ LG တို့ကို အဓိက supplier အဖြစ် ရွေးချယ်ခဲ့သလို တရုတ် supplier တစ်ခုဖြစ်တဲ့ BOE ဆီကလည်း OLED panel တွေ မှာယူဖို့ လုပ်ခဲ့တာပါ။ 



Photo: Apple


BOE ထုတ် display တွေမှာ အရည်အသွေးပိုင်း ပြဿနာတချို့ ရှိခဲ့တာကြောင့် ပစ္စည်းမှာယူမှုကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်တယ်လို့ GSMArena သတင်းက ဆိုပါတယ်။ လက်ရှိမှာ BOE ကုမ္ပဏီဟာ OLED panel ရောင်းဖို့ ထောက်ခံချက်ရခဲ့ပြီ ဖြစ်ပြီး မကြာခင်မှာ iPhone 12 မော်ဒယ်တွေအတွက် OLED panels တွေ ထုတ်လုပ်တော့မှာပါ။

၂၀၂၁ ခုနှစ်မှာ Samsung နဲ့ LG ဟာ Apple အတွက် OLED panel သန်း ၁၃၀ ခန့်နဲ့ သန်း ၄၀ ခန့်စီ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ BOE ကတော့ ခန့်မှန်းခြေ panel ၁၀ သန်း ထုတ်သွားဖို့ ရှိပါတယ်။ လာမယ့်နှစ် iPhone 12 ရောင်းအားပေါ် လိုက်ပြီး BOE အနေနဲ့ panel ပေါင်း သန်း ၂၀ အထိ ထုတ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က