• Featured

    ကမ္ဘာ့အကြီးဆုံး chipset ရောင်းချသူဖြစ်လာတဲ့ MediaTek

Qualcomm ကို ကျော်ပြီး အကြီးဆုံး chipset vendor ဖြစ်လာတာပါ
[Zawgyi Version]

ထိုင်ဝမ် Semiconductor ကုမ္ပဏီ MediaTek ဟာ Qualcomm ကိုကျော်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း Chipset vendor ဖြစ်လာတယ်လို့ ဆိုပါတယ်။

Counterpoint သုတေသနကုမ္ပဏီရဲ့ အစီရင်ခံစာအရ MediaTek ဟာ ဆန်ဒီယာဂိုအခြေစိုက် Qualcomm ကို ကျော်ပြီး စမတ်ဖုန်း Chipset ဈေးကွက်မှာ ဈေးကွက်ဝေစုအများဆုံး ရထားတယ်လို့ ဖော်ပြထားပါတယ်။ Counterpoint ရဲ့ အချက်အလက်တွေအရ ၂၀၂၀ တတိယသုံးလပတ်အတွင်း MediaTek chipset သုံး ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Engadget

ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၅ ရာခိုင်နှုန်းခန့် ပိုမြင့်တက်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ MediaTek ဟာ ၂၀၂၀ တတိယသုံးလပတ်မှာ ဝင်ငွေ ထိုင်ဝမ်ဒေါ်လာ ၉၇၂၇၅ သန်း အထိ ဝင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅၀ ရာခိုင်နှုန်းနီးပါး ဝင်ငွေမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ 

"MediaTek ဟာ Huawei ပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် ဖြစ်လာတဲ့ ဟာကွက်ကနေ အကျိုးအမြတ်ရသွားခဲ့ပါတယ်။ Huawei ကလည်း ပိတ်ဆို့မှုတွေ မတိုင်ခင်မှာ Chipset တွေအများကြီး ကြိုဝယ်ခဲ့ပါတယ်။" လို့ Counterpoint သုတေသန ဒါရိုက်တာ ဒေးလ်ဂိုင်က ဆိုပါတယ်။

အိန္ဒိယ ၊ တရုတ်နဲ့ လက်တင်အမေရိကလို ဈေးကွက်တွေမှာ ဝယ်လိုအားမြင့်တက်လာခဲ့သလို ဒေါ်လာ ၁၀၀ နဲ့ ၂၅၀ အကြား ဖုန်းရောင်းအားကောင်းခြင်းကလည်း MediaTek Chipset ဈေးကွက်ပို တိုးတက်လာတာလည်း ဖြစ်ပါတယ်။ စမတ်ဖုန်း chipset ဈေးကွက်အနေနဲ့ MediaTek ဟာ ဈေးကွက်တစ်ခုလုံးရဲ့ ၃၁ ရာခိုင်နှုန်း ရထားပြီး Qualcomm ကတော့ ဈေးကွက်ဝေစု ၂၉ ရာခိုင်နှုန်း ရခဲ့တာပါ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...