ကမ္ဘာမှာ ကူးစက်မှုပိုမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိလာရပေမဲ့ သီရိလင်္ကာက ပြည်ပခရီးသွားတွေ ပြန်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံက ၉ လအတွင်း ပထမဆုံး ပြည်ပခရီးသွားတွေကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြန်လည်လာရောက်ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

လက်ရှိအချိန်အထိ ကမ္ဘာ့တစ်ဝန်း နိုင်ငံ ၁၈ ခုထက်မနည်းမှာ ကူးစက်မှုပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိလာရမှုတွေကြောင့် နိုင်ငံတွေက ပြည်ပလေကြောင်းခရီးစဥ်များ ရပ်ဆိုင်းနေကြပေမဲ့ သီရိလင်္ကာက ပြည်ပခရီးသွားတွေ ပြန်လည်လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။



ယူကရိန်းနိုင်ငံမှ ခရီးသည် ၁၈၅ ဦး လိုက်ပါလာတဲ့ လေယာဥ်ဟာ ကိုလံဘိုမြို့တော်တောင်ဘက်ရှိ အသုံးနည်းတဲ့ လေဆိပ်တစ်ခုမှာ ဆင်းသက်ခဲ့ပါတယ်။ သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့ဟာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပါတယ်။ သီရိလင်္ကာမှာ တရားဝင်ထုတ်ပြန်မှုအရ သုံးလမပြည့်မီအတွင်း COVID-19 ကြောင့် သေဆုံးသူဦးရေ ၁၃ ဦးကနေ ၁၉၄ ဦးသို့ မြင့်တက်ခဲ့ပါတယ်။

(Photo: AFP)

ထို့အတူ ကူးစက်ခံရသူ အရေအတွက်ကလည်း ယခင် ၃,၃၀၀ မှ လက်ရှိမှာ ၄၁,၀၀၀ ကျော်အထိ သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ သို့သော် သီရိလင်္ကာအာဏာပိုင်တွေကတော့ ယူကရိန်းခရီးသည်တွေ ပြန်လည်ဝင်ရောက်လာမှုဟာ ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသည်များ နိုင်ငံသို့ လာရောက်လည်ပတ်မှုရဲ့ ပထမဆုံး ခရီးစဥ်ဖြစ်မယ်လို့ မျှော်လင့်ကြပါတယ်။

သီရိလင်္ကာမှာ ပြီးခဲ့တဲ့ မတ်လအတွင်းမှစပြီး ခရီးသည်ဝင်ရောက်မှုတွေ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ သီရိလင်္ကာကို လာရောက်ကြတဲ့ ခရီးသည်တွေဟာ ၎င်းတို့ရဲ့ နိုင်ငံမှ မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း စစ်ဆေးမှုအဖြေ စာရွက်စာတမ်းလိုအပ်ပြီး သီရိလင်္ကာရဲ့ Mattala Rajapaksa အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်မှာလည်း နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးခံရမယ်လို့ ဆိုပါတယ်။

(Photo: AASL)

ခရီးသည်တွေဟာ ၎င်းတို့ရဲ့ ဟိုတယ်များသို့ တိုက်ရိုက်ပို့ဆောင်ပြီး အသွားအလာကန့်သတ်မှုရှိမယ်လို့ သိရပါတယ်။ "ဒါက ကျွန်တော်တို့ရဲ့စနစ်ကို စမ်းသပ်ဆောင်ရွက်မှုတစ်ခုပါ" လို့ သီရိလင်္ကာအစိုးရ ပြောခွင့်ရအမျိုးသား Ramesh Pathirana က ပြောပါတယ်။ ပြည်ပခရီးသည်များ ပြန်လည်ဝင်ရောက်ခွင့်ပြုပြီးနောက် တစ်လအကြာမှာ အခြေအနေကို ပြန်လည်သုံးသပ်သွားမယ်လို့ ၎င်းကဆိုပါတယ်။ 

Share

Loading Next Article...
က္က