Samsung ရဲ့ ၂၀၂၁ မှာ ထွက်မယ့် Flagship ဖုန်းတွေထဲက တစ်မျိုးမှာ Curved screen ပါမှာ မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။
YouTuber တစ်ဦးဖြစ်တဲ့ Mauri QHD ရဲ့ Tweet မှာ Galaxy S21+ ဖြစ်နိုင်ဖွယ်ရှိတဲ့ မော်ဒယ်ရဲ့ ဒီဇိုင်းကို ချပြခဲ့ပါတယ်။ တွေ့ရတဲ့ ပုံအရ Galaxy S21+ ဟာ အရင်လို ကွေးနှစ်ဖက်ကွေးညွှတ်ထားတဲ့ ဒီဇိုင်းမဟုတ်တော့ဘဲ Flat Panel ဒီဇိုင်းနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ Mauri QHD ရဲ့ အဆိုအရ ဒီဓါတ်ပုံတွေကို သူ့မိတ်ဆွေတစ်ယောက်ဆီက ရထားတာလို့ ဆိုပါတယ်။
Photo: Mauri QHD Twitter
Galaxy S21+ ရှေ့ Screen ရဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာ Punch-hole selfie ကင်မရာဒီဇိုင်း သုံးထားတာ တွေ့ရပါတယ်။ Samsung ဟာ in-display ကင်မရာအတွက် အဆင်သင့်မဖြစ်သေးတဲ့သဘောလို့ ဆိုရမှာပါ။ ကျောဘက်ကင်မရာအိမ်ဒီဇိုင်းဟာ အရင်ပေါက်ကြားထားတဲ့ ဒီဇိုင်းမျိုး သီးသန့်ဆန်ပြီး သားနားတဲ့ ထောင်လိုက်ကျောဘက်ကင်မရာအိမ်ပုံစံသစ် သုံးလာပါတယ်။
Mauri QHD တင်ထားတဲ့ တတိယပုံမှာ ဒီဖုန်းကို ဓါတ်ပုံမရိုက်ပါနဲ့လို့ စတစ်ကာ ကပ်ထားတာ တွေ့ရပါတယ်။ အခုလို လျှို့ဝှက်ထားပေမယ့်လည်း နောက်နှစ်ပတ်လောက်ဆို Galaxy S21 စီးရီးကို မိတ်ဆက်သွားမှာဖြစ်လို့ သိပ်စောင့်ရတော့မှာ မဟုတ်ပါဘူး။ Samsung ဟာ လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့မှာ Unpacked Event ကျင်းပသွားတော့မှာပါ။
Photo: Mauri QHD Twitter
ဒီပွဲမှာ Galaxy S21 series နဲ့အတူ Galaxy Buds Pro နဲ့ Galxy Chromebook 2 တို့လည်း မြင်ရဖို့ ရှိပါတယ်။ Galaxy S21+ ကတော့ ၆.၇ လက်မ FHD+ display ဆိုဒ်ရှိပြီး Snapdragon 888 SoC ၊ RAM 8GB ၊ 4800mAh ဘက်ထရီနဲ့သုံးလုံးတွဲကင်မရာစနစ် ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အရောင်ကိုတော့ Phantom Gray , White နဲ့ Pink အပြင် PHantom Violet ကာလာသစ်လည်း ထုတ်သွားဖို့ ရှိပါတယ်။