ကိုဗစ်ကူးစက်မှုနှုန်းထိန်းချုပ်နိုင်ရန်အတွက် lock down ပြုလုပ်ထားတဲ့ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာမှာ ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လျှက်ရှိကာ (၁)ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါ ကျေးရွာက ဒီဇင်ဘာလ(၂၇)ရက်နေ့ကတည်းက ကျေးရွာအတွင်းကူးစက်လူနာ (၉)ဦးတွေ့ရှိထားတာကြောင့် lock down ပြုလုပ်ထားတာဖြစ်ပြီး ဒီကနေ့ထိဆို လူနာ (၁၉)ဦးတွေ့ရှိကာ (၁)ဦးသေဆုံးထားတာဖြစ်ပါတယ်။
“ ရွာက အစကတည်းကတည်း lock down လုပ်ထားတာ။ ဇန်နဝါရီလ (၂၉)ရက်ထိ။ ကျေးရွာတွင်းကူးစက်မှုများလာလို့ lock down လုပ်ထားရာကနေ lock down လုပ်ပြီးမှထပ်ပြီးကူးစက်မှုတွေတိုးလာတာ။ အခု (၁၉)ယောက်ထိတွေ့ထားတယ်။ (၁)ဦးသေဆုံးတယ်ဆိုတော့ လက်ရှိကုသနေတဲ့ လူနာက (၁၈)ဦးကျန်တာပေါ့”လို့ တီးတိန်မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဦးဆွောင်လာလ့်ထန်က Duwunကိုပြောပါတယ်။
တွီးထန်ကျေးရွာရဲ့ ကိုဗစ်ကူးစက်မှုက တီးတိန်မြို့မှာ သတို့သမီးသွားတောင်းရင်း မင်္ဂလာကျင်းပရာကနေ ကူးစက်မှုစတင်ခဲ့တာဖြစ်ပါတယ်။
ကျေးရွာကို lock down စတင်ပြုလုပ်ခဲ့တဲ့ ဒီဇင်ဘာလ (၂၇)ရက်နေ့က ကျေးရွာအတွင်း ကူးစက်လူနာ (၉)ဦးသာတွေ့ရှိသေးတာဖြစ်ပါတယ်။
Lock downပြုလုပ်ခဲ့ပြီးနောက် နောက်ထပ် ထပ်တိုးလူနာ (၁၀)ဦးတွေ့ရှိခဲ့ပြီး (၁)ဦးသေဆုံးခဲ့တာပါ။
ကျေးရွာကို lock down ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကျေးရွာအတွင်းနေထိုင်သူတွေအနေနဲ့ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့စားသောက်ကုန်ပစ္စည်းများဝယ်ယူလိုပါက အသွားအလာကန့်သတ်ထားရာနေရာရှိ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
ယခုထုတ်ပြန်ထားတဲ့ အမိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။