• စာချုပ်ကုန်ဆုံးသွားတဲ့ လက်ရွေးစင်အဆင့် လစာမြင့်ကစားသမားတွေကို ဧရာဝတီအသင်း သက်တမ်းတိုးမှာမ ဟုတ်

နိုင်ငံခြားသားတွေလည်း ခေါ်ယူတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။

အသင်းမှာ စာချုပ်သက်တမ်းပြည့်သွားပြီ ဖြစ်တဲ့ လက်ရွေးစင်အဆင့် လစာမြင့်ကစားသမားတွေကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုတော့မှာ မဟုတ်ဘူးလို့ ဧရာဝတီယူနိုက်တက်အသင်းရဲ့ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက DuwunSportsကိုပြောပါတယ်။

image

လက်ရွေးစင်အဆင့် ကစားသမားတွေအပြင် နိုင်ငံခြားသားကစားသမားတွေကို ၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ သိရပါသေးတယ်။

ဧရာဝတီယူနိုက်တက်အသင်းမှာတော့ လက်ရွေးစင်အဆင့် ကစားသမားများစွာရှိနေပြီး ကစားသမားအတော်များ များဟာ ဒီဇင်ဘာလမှာ စာချုပ်ကုန်ဆုံးသွားကြပြီလို့လည်း သိရပါတယ်။

“စာချုပ်ကုန်ဆုံးသွားတဲ့ ကစားသမားတွေကို စာချုပ်သစ်ထပ်ချုပ်ဖို့ မလုပ်ဆောင်တော့ပါဘူး။ဒီလို မလုပ်ဆောင် တော့ဖို့လည်း အစောကြီးကတည်းက ကျွန်တော့်ကို ဆက်သွယ်လာသူတိုင်းကို ပြောထားပါတယ်။ဒီမတိုင်ခင် ကလည်း စာချုပ်သစ်အတွက် အသင်းဖက်က ဘယ်လိုမျိုး တတ်နိုင်တယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြော ထားပြီး ဖြစ်ပါတယ်။ဒါကြောင့် အသင်းမှာ စာချုပ်သက်တမ်းပြည့်သွားတဲ့ လက်ရွေးစင်အဆင့် လစာမြင့် ကစား သမားတွေကိုတော့ အသင်းဖက်က ဆက်လက် စာချုပ်သက်တမ်းတိုးဖို့ အစီအစဥ်မရှိပါဘူး။”လို့ ဧရာဝတီ ယူနိုက် တက်အသင်း အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက DuwunSportsကို‌ ပြောပါတယ်။

ဧရာဝတီယူနိုက်တက်အသင်းမှာ စာချုပ်သက်တမ်းပြည့်သွားတဲ့ လက်ရွေးစင်အဆင့် ကစားသမားတွေကတော့ ကျော်ဇင်လွင်၊တင်ဝင်းအောင်၊ဇော်ဝင်း၊သီဟဇော်၊ဇော်လင်း၊နန်းထိုက်ဇော်၊စိုးမိုးကျော်၊လွင်မိုးအောင်၊ကျော်ဇင်ဖြိုး၊ သီဟထက်အောင် စတဲ့ ကစားသမားတွေဖြစ်ပြီး ဒီကစားသမားတွေအားလုံးကို စာချုပ်သက်တမ်းတိုးတော့မှာ မ ဟုတ်ဘူးလို့ သိရပါတယ်။

“စာချုပ်သစ်အတွက် အသင်းဖက်က တတ်နိုင်တာကို ပြီးခဲ့တဲ့ နှစ်ဝက်လောက်ကတည်းက ပြောထားပြီးသားပါ။ စာချုပ်ပါအချက်အလက်အရ ကစားသမားတစ်ဦးဟာ စာချုပ်သက်တမ်း နောက်ဆုံး ၃လရောက်ရင် အခြားကလပ် အသင်းတစ်သင်းသင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိပါပြီ။ဒီအချိန်မှာ အသင်းဖက်ကလည်း သက်တမ်းတိုးလိုရင် စာချုပ်သစ်အတွက် ထပ်ကမ်းလှမ်းရပါမယ်။ဒီလိုမှမဟုတ်ပဲ အသင်းဖက်က စာချုပ်သစ် မချုပ်ချင်တော့ဘူးဆိုရင် ကစားသမားဖက်က အလိုလို နားလည်သဘောပေါက်သင့်ပါတယ်။ဒါကြောင့်လည်း စာချုပ်တွေမှာပါဝင်တဲ့ သ ဘောတူညီချက်တွေကိုကစားသမားတွေအနေနဲ့ သေချာ ဖတ်ရှုထားသင့်ပါတယ်။”လို့ ဦးခင်မောင်ထွန်းက ဆက်လက်ပြောပါတယ်။

လက်ရွေးစင်အဆင့် ကစားသမားတွေ အသင်းကနေ ထွက်ခွာသွားပေမယ့် အသင်းကို အင်အားပြန်လည်ဖြည့်တင်း နိုင်ခြင်းမျိုးမရှိပဲ လူငယ်တွေနဲ့သာ တိုက်ပွဲဝင်သွားဖို့ စီစဥ်ထားတယ်လို့လည်းသိရပါသေးတယ်။

နိုင်ငံခြားသားကစားသမားတွေကိုလည်း ခေါ်ယူတော့ခြင်းမျိုး ပြုတော့မှာ မဟုတ်ပဲ ပြည်တွင်းက ခြေစွမ်းခြေစရှိ တဲ့ လူငယ်ကစားသမားများဖြင့်သာ ပြိုင်ပွဲဝင်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

“ ကစားသမားအင်အားလျော့ချ ယှဥ်ပြိုင်ရခြင်းကလည်း မနှစ်က အေအက်ဖ်စီအဆင့် ဝင်ရောက် ကစားခွင့် မရခဲ့ ခြင်း ပါဝင်သလို ယခုဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါကူးစက်နေမှုအခြေအနေတွေကြောင့်ဖြစ်ပါတယ်။ဒါတွေကိုလည်း အသင်းဖက်ကနေ ကစားသမားတွေကို သေချာနားလည်အောင် ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ လက်မှတ်ထိုးကြေးတွေ၊ မြင့်မားတဲ့ လစာတွေ မပေးချေနိုင်တော့လို့ အခုလိုမျိုး ကစားသမားတွေကို လက်လွှတ်လိုက်ရတာပါ။”လို့ ဦးခင် မောင်ထွန်းက ဆက်လက်ပြောပြပါတယ်။

၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကိုတော့ ဧပြီလလောက်မှာ စတင်ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ကနဦး သိထားရသော်လည်း လာမယ့် ဇန်နဝါရီလ ၆ရက်နေ့မှာ လိဂ်ကော်မတီအစည်းအဝေးကို ထပ်မံ ကျင်းပဖို့ရှိပြီး အဆိုပါ အစည်းအဝေးအပြီးမှာတော့ ပြိုင်ပွဲကျင်းပမယ့်အခြေအနေအသေးစိတ်ကို ထပ်မံ သိရှိရဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က