အွန်လိုင်းကနေတစ်ဆင့်လွယ်ကူစွာမှာယူနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ်၏ နှစ်သစ်ကူးပွဲတော်၊ ခရစ္စမတ်နှင့် တန်ဆောင်တိုင်ကာလများမှ စတင်၍မိဘဆွေမျိုး မိတ်သင်္ဂဟများ၏ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်စေရန်အတွက် မေတ္တာလက်ဆောင်များ ပေးပို့လေ့ရှိကြသည့် မရှိမဖြစ်ကျန်းမာရေး အထောက်အကူပြုအဖော်မွန်များဖြစ်သော BRAND’S အမှတ်တံဆိပ်ကြက်ပေါင်းရည်၊ ငှက်သိုက်ရည်နှင့် အခြားထုတ်ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့်လွယ်ကူစွာမှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင်သာမက ကမ္ဘာလုံးဆိုင်ရာ ချစ်ခင်စရာ အမူအကျင့်များအနေဖြင့် ယခုလိုပွဲတော်ကာလမျိုးတွင် ဂါရဝနှင့် မေတ္တာလက်ဆောင်များကို အပြန်အလှန်ပေးပို့ကြသည်မှာ ရှေးယခင်ကာလကပင်တည်ရှိခဲ့သည့် အစဉ်အလာ တစ်ခုဖြစ်သည်။ BRAND’S အနေဖြင့် ၎င်း၏ထုတ်ကုန်များကို ယခုကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ရောင်းချရန် စီစဉ်ရာတွင် ဝယ်ယူသုံးစွဲသူများအနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာမှမဆို မိမိတို့ ဝယ်ယူလိုသည့်ပစ္စည်းများကို E-Commerce Website များနှင့် BRAND’s MYANMAR Facebook Messenger မှတစ်ဆင့် အလွယ်တကူ မှာယူနိုင်ရန် ရည်ရွယ်သည်။ ထို့အပြင် ယခုကဲ့သို့ နှစ်သစ်ကူးပွဲတော် အချိန်ကာလတွင်လည်း ချစ်ခင်ရသူများထံသို့ကျန်းမာခြင်းလက်ဆောင်မွန်များ ပေးပို့နိုင်ရန်ဖြစ်သည်။

သုံးစွဲသူမိဘပြည်သူများအနေဖြင့် www.shop.com.mm နှင့် “Shop” မိုဘိုင်းလ်အက်ပလီကေးရှင်း (Android/iOS) တို့၏ BRAND’s MYANMAR Official Store မှ တစ်ဆင့်လည်းကောင်း၊ BRAND’s MYANMAR Facebook Messenger မှ လည်းကောင်းwww.rgo47.com နှင့် "rgo47” မိုဘိုင်းလ်အက်ပလီကေးရှင်း (Android/iOS) တို့မှလည်းကောင်းwww.citymall.com.mm မှလည်းကောင်းလွယ်ကူရိုးရှင်းသော အဆင့်များဖြင့် ဝယ်ယူနိုင်သည်။ ငွေပေးချေရာတွင် Credit/Debit ကတ်များဖြင့် ပေးချေနိုင်သလို အိမ်ရောက်ငွေချေစနစ် (Cash on Delivery) စနစ်ဖြင့်လည်း ဆောင်ရွက်နိုင်သည်။ မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးနိုင်ပြီး မှာယူသည့် အချိန်မှ စ၍ လက်ဝယ်ရောက်ရှိသည်အထိ ကြာချိန်မှာ (နေရာအနီးအဝေးနှင့်မှာယူသည့် ဝက်ဘ်ဆိုက်/အက်ပလီကေးရှင်း) ပေါ်မူတည်၍ ၃ရက်မှ ၁၄ရက်ခန့်ဖြစ်သည်။ ယခုကဲ့သို့ အွန်လိုင်းမှဝယ်ယူရာတွင် ကုန်ပစ္စည်း၏အရည်အသွေးနှင့်လတ်ဆတ်မှုကို ပြင်ပမှဝယ်ယူခြင်းနှင့် ခြားနားမှုမရှိစေရန် အထူးဂရုပြုစီမံထားရှိသည်။

BRAND’S MYANMAR သည် မိဘပြည်သူများကို E-Commerce Website များမှတဆင့် BRAND’S ကုန်ပစ္စည်းများမှာယူမှု မြင့်တက်လာစေရန်ရည်ရွယ်၍ ကျော်ထက်ဇော်၊ဘုံဘုံ၊ ညီညီမောင် (စမ်းချောင်း)၊ Zeyar Vlogs၊ ထက်ထက်မိုးဦး၊ ခြူးလေး၊ သဇင်နွယ်ဝင်း၊ နန်းစန္ဒာလှထွန်း၊ ပိုးကြာဖြူခင်၊ ပိုးမမီသာ၊ ဆုမွန် အစရှိသော ကျော်ကြာသူများ အနုပညာရှင်များဖြင့် Come Home Chain ကမ်ပိန်းအစီအစဉ်၊ ကုန်ပစ္စည်းများအွန်လိုင်းမှ ဝယ်ယူရာတွင် လွယ်ကူစေရန် လမ်းညွှန်ဗီဒီယိုများတင်ဆက်ခြင်းအစီအစဉ်၊ ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလတွင် BRAND’S ကိုသောက်သုံးကာ ကိုယ်ခံအားမြှင့်တင်နိုင်စေရန် ရည်ရွယ်သည့် TikTok ကမ်ပိန်းအစီအစဉ် စသည်တို့ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းမှ ဒီဇင်ဘာလကုန်အထိ ပြုလုပ်ခဲ့သည်။ အဆိုပါအွန်လိုင်းအရောင်းမြှင့်အစီအစဉ်များအနေဖြင့် လူပေါင်း ( ၂၄ သန်း ) အထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် BRAND’S MYANMAR ၏ Official Website ဖြစ်သော www.brandsworld.com.mm နှင့် FACEBOOK Messenger တို့ကိုအဆင့်မြှင့်တင်မှုများပြုလုပ်ထား၍ ဝယ်ယူသူများအနေဖြင့် ယခင်ကထက်ပိုမိုအဆင်ပြေလွယ်ကူစွာ မှာယူလာနိုင်ပြီဖြစ်သည်။

BRAND’S အမှတ်တံဆိပ်ပါ ကြက်ပေါင်းရည်နှင့် ငှက်သိုက်ရည်များသည် သုံးစွဲသူ၏ကိုယ်ခံစွမ်းအားက်ိုအထူးမြှင့်တင်ပေးနိုင်သဖြင့် ယခုလိုကပ်ရောဂါကာလအတွင်း တစ်ဦးနှင့်တစ်ဦး မေတ္တာလက်ဆောင်ပေးရန်အတွက် အကောင်းမွန် အသင့်တော်ဆုံးပစ္စည်းများဖြစ်ကြောင်းသိရှိရသည်။ BRAND’Sအမှတ်တံဆိပ် ထုတ်ကုန်ပစ္စည်းများကိုသုံးစွဲကာ မိမိကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ရင်း ၂၀၂၁ နှစ်သစ်အခါသမယကို ကျန်းမာရွှင်လန်းစွာဖြင့် ကြိုဆိုနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ 

ယခုသတင်းကို Brand မှ ကူညီပံ့ပိုးပေးထားပါသည်။

Share

Loading Next Article...
က္က