နှစ်ဦးစလုံးက လူငယ်ခြေတက်တွေဖြစ်ပြီး အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရမယ့် ကစား သမားတွေအဖြစ်လည်း ရှိနေသူတွေပါ။

ASEAN FOOTBALLက ထုတ်ပြန်တဲ့ ဒေသတွင်း ပြည်တွင်းလိဂ်တွေမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီနဲ့ဧရာဝတီအသင်းတို့မှ ဟိန်းထက်အောင်နဲ့လွင်မိုးအောင်တို့က ထိပ်ဆုံး က ရပ်တည်နိုင်ခဲ့ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ဗီယက်နမ်၊မလေးရှား၊စင်ကာပူ စတဲ့ အင်အားကြီး လိဂ်တွေက နာမည် ကျော် ပြည်တွင်းပြည်ပ ကစားသမားတွေကို ကျော်ဖြတ်ပြီး မြန်မာ့လက်ရွေးစင် လူငယ် ကစားသမား နှစ်ဦးက ထိပ်ဆုံးကနေ ရပ်တည်ပြနိုင်ခဲ့တာပါ။
နှစ်ဦးစလုံး ကလပ်အသင်းကိုယ်စီအတွက် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ကြတာပါ။
ဖော်ပြပါ ဇယားအရ မြန်မာကစားသမားတွေပြီးရင် မလေးရှားနာမည်ကြီးကလပ် ဂျိုဟိုးလ်အသင်းက ဘရာဇီး ကစားသမား ဒီအိုဂို၊ထိုင်းကလပ် ဘူရီရမ်အသင်းမှ ထိုင်းကစားသမား ဂျေကာပရွန်၊ဆာမွန်ပရာကမ်မှ ဂျေဝွန်ဂွန်း နဲ့ ဗီယက်နမ်ကလပ် ဟောင်အမ်းဂယ်လိုင်မှ ဗီယက်နမ်လက်ရွေးစင် ငုယင်ဗန်သောင်းတို့က ၈ကြိမ်စီနဲ့ ဒုတိယ အများဆုံး ဂိုးဖန်တီးနိုင်ခဲ့ကြပါတယ်။
အခြား ထုတ်ပြန်ချက်တစ်ခုအရ လိဂ်တစ်ခုချင်းစီရဲ့ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာလည်း မြန်မာနေရှင် နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းမှ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဆာဆက်က သွင်းဂိုး ၁၆ဂိုးနဲ့ ကမ္ဘော ဒီးယား ကလပ်ဆဗေးရင်းအသင်းတိုက်စစ်မှူး အမ်ဘာဂါနှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဟံသာဝတီယူနိုက်တက်အသင်းမှ နိုင်ဂျီးရီးယားနဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အီမီကာနဲ့ ဒေါ်နယ်ဘစ်ဆာတို့ နှစ်ဦးမှာလည်း သွင်းဂိုး ၁၃ဂိုးစီနဲ့ ထိပ်ဆုံး ၁၁ဦးစာရင်း ပါဝင်နိုင်ခဲ့ပါတယ်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကတော့ ၂၀၂၁ခုနှစ်အတွက် ပြိုင်ပွဲ ပွဲစဥ်ဇယား ထွက်ပေါ်လာခြင်း မရှိသေးသလို ပြိုင် ပွဲကျင်းပမယ့် ရက်အတိအကျကိုလည်း ထုတ်ပြန်ပေးလာနိုင်ခြင်း မရှိသေးပါဘူး။
ကိုဗစ် ကာလဖြစ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်စည်းမျဥ်းများနှင့်အတူ ကျင်းပနိုင်ရေး ညှိ နှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။