တတိယအကြိမ်မြောက်အသင်းနဲ့ လက်တွဲခြင်းဖြစ်ပါတယ်။

၂၀၁၄၊၁၅မှာတစ်ကြိမ် ၂၀၁၇မှာတစ်ကြိမ် အသင်းနဲ့ လက်တွဲခဲ့ဖူးလို့ ယခုတစ်ကြိမ်က တတိယအကြိမ် မြောက် အသင်းနဲ့ ပြန်လည်လက်တွဲခြင်းလည်း ဖြစ်ပါတယ်။

ဘရာဇီး ကွင်းလယ်ကစားသမား အီမာဆင်ကို တစ်ရာသီစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ ရန်ကုန်အသင်းက ယနေ့(၇) မှာ သတင်းထုတ်ပြန်လာပါတယ်။



မနှစ်က ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီမှာ ဇွဲကပင်အသင်းနှင့်အတူ ခြေစွမ်းပြပြီး ၁၁ပွဲကစား ၃ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ အီမာဆင်ဟာ တစ်ချိန်က ရန်ကုန် ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

အီမာဆင်ဟာ ၂၀၁၄နဲ့ ၁၅ဘောလုံးရာသီ နှစ်ခုမှာ ရန်ကုန်အသင်းနှင့်အတူ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှာတော့ ဘော့စနီးယားကလပ် ဆာရာရီဗိုအသင်းမှာ တစ်နှစ်သွားကစားခဲ့ပါတယ်။

အဲ့နောက် ၂၀၁၇ခုနှစ်မှာ ရန်ကုန်အသင်းထံ တစ်ရာသီစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာပြီး အခု ၂၀၂၁ခုနှစ်မှာ တတိယအကြိမ်မြောက် ပြန်လည်လက်တွဲဖြစ်တာပါ။

“ရန်ကုန်အသင်းကိုပြန်လည်ရောက်ရှိလာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ရန်ကုန်အသင်းအကြောင်းနဲ့ သမိုင်း ကိုသိတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အသင်းအတွက် အကောင်းဆုံးပုံစံတွေနဲ့ ခြေစွမ်းပြ ကစားသွား ပါ မယ်။ ပရိသတ်တွေကိုပြောချင်တာက အသင်းအတွက် ကျွန်တော့်ဘက်က ပွဲတိုင်းကို သေချာယှဉ်ပြိုင် သွားပါ မယ်။ ချန် ပီယံဆုအတွက် ရေကုန်ရေခမ်း အသင်းအတွက် ပေးဆပ်ယှဉ်ပြိုင်သွားပါမယ်။ ရန်ကုန်အသင်းဆို တာက နှစ်တိုင်း ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်တဲ့အတွက် ဒီအသင်းနဲ့ပြန်လည် ဆုံဆည်းရတဲ့ အခါမှာ အကောင်း ဆုံးကြိုးစားပြီး ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးသွားပါမယ်။”လို့ အီမာဆင်က ရန်ကုန်မီဒီယာကိုပြောပါ တယ်။

အီမာဆင်ကို ခေါ်ယူမှုဟာ ရန်ကုန်အသင်းအတွက် ယခုနှစ်ရာသီ ပထမဆုံး ခေါ်ယူမှုဖြစ်ပြီး မနှစ်က အသင်းနှင့် အတူ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားကစားသမားအားလုံးကိုတော့ စာချုပ်ထပ်မံ ချုပ်ဆိုတော့ခြင်း မရှိတော့ဘူးလို့ သိရ ပါတယ်။

ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်

ဒါကြောင့် အီမာဆင်ဟာ ၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဝင်ပြိုင်မယ့် ရန်ကုန်အသင်းအတွက် ပထမ ဆုံး ပြည်ပ ကစားသမားခေါ်ယူမှုလည်း ဖြစ်လာပါတယ်။

ရန်ကုန်အသင်းအနေနဲ့ ယခုနှစ်မှာ အေအက်ဖ်စီပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရထားလို့ အရင်နှစ်တွေတုန်းက လို ကစားသမား ၄ဦးအပြည့်ခေါ်ယူမလား ၃ဦးသာ ခေါ်ယူမလားဆိုတာကလည်း စိတ်ဝင်စားဖွယ်စောင့်ကြည့် သွားရမှာပါ။

ပြည်တွင်းကစားသမားတွေကိုလည်း ထပ်မံ ခေါ်ယူနေတယ်လို့ သိရပြီး မကြာခင်မှာ သတင်းဆက်လက် ထုတ်ပြန် ပေးမယ်လို့ သိရပါတယ်။

မြန်မာနေရှင်နယ်လိဂ် ၂၀၂၁ခုနှစ်ပြိုင်ပွဲကိုတော့ ဧပြီလလောက်မှာ စတင်ဖို့ မနေ့က ကျင်းပခဲ့တဲ့ လိဂ်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

Share

Loading Next Article...
က္က