• Featured

    ဩစတြေးလျမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံသူတစ်ဦး တွေ့ရှခဲ့ရတဲ့မြို့ကို သုံးရက်ကြာ lockdown လုပ်

ကွာရန်တင်းစင်တာအဖြစ် သတ်မှတ်ထားတဲ့ ဟိုတယ်မှ သန့်ရှင်ရေးဝန်ထမ်းထံမှာ ဗိုင်းရပ်စ်အသစ်ကူးစက်မှု တွေ့ခဲ့ရပါတယ်။

ဩစတြေးလျနိုင်ငံ ကွင်းစ်လန်ပြည်နယ်က ပြည်နယ်မြို့တော် ဘရစ္စဘိန်းမြို့မှာ ဗြိတိန်မှ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိရပြီးနောက် မြို့ကို သုံးရက်ကြာ lockdown လုပ်ထားကြောင်း သိရပါတယ်။

image

(ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ့ရသည့် ဟိုတယ်) (Photo: Darren England/AAP)

ဘရစ္စဘိန်းမြို့ရှိ ကွာရန်တင်းစင်တာအဖြစ် သတ်မှတ်ထားတဲ့ ဟိုတယ်မှာ အလုပ်လုပ်ကိုင်သူ သန့်ရှင်ရေးဝန်ထမ်းတစ်ဦးထံမှာ ဗိုင်းရပ်စ်အသစ်ကူးစက်မှု တွေ့ရှိခဲ့ရပါတယ်။ ထို့နောက် ကွင်းစ်လန်းအာဏာပိုင်တွေက ဘရစ္စဘိန်းမြို့ကို ယနေ့ (ဇန်နဝါရီ ၈ ရက်) မှစပြီး သုံးရက်ကြာ lockdown လုပ်ထားရန် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဗြိတိန်မှာတွေ့ရတဲ့ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ကြောင်း လေ့လာသိရှိထားခဲ့ရာ ကွင်းစ်လန်းပြည်နယ် တာဝန်ရှိသူတွေက Hotel Grand Chancellor ဟိုတယ်ဝန်ထမ်း အမျိုးသမီးထံမှ အခြားလူများသို့ ကူးစက်ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။ ဘရစ္စဘိန်းမြို့ရှိ လူနေထူထပ်တဲ့ နယ်မြေငါးခုကို lockdown သတ်မှတ်ထားပြီး ယနေ့ မနက်အစောပိုင်းမှာ စတင်သက်ရောက်ခဲ့ပါတယ်။

(ကွင်းစ်လန်းပြည်နယ် ဝန်ကြီးချုပ် Annastacia Palaszczuk)

Lockdown သတ်မှတ်ထားမှုအရ မြို့ခံတွေကို မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူခြင်းနဲ့ ဆေးကုသခြင်းကဲ့သို့ အကြောင်းကိစ္စတွေအတွက်သာ နေအိမ်ကနေ ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။ ထို့အတူ လူဦးရေ ၂ သန်းရှိတဲ့ ဘရစ္စဘိန်းမှာ ပထမဆုံးအကြိမ် ညွှန်ကြားချက်အဖြစ် အိမ်အပြင်ထွက်ပါက mask တပ်ထားရန် လိုအပ်ပါတယ်။ ဩစတြေးလျနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၈,၅၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က